ကောင်းမွန်တဲ့ကြည့်ရှုနှုန်းတွေနဲ့စတင်ခဲ့တဲ့ မင်းသမီး Seo Ye Ji ရဲ့ ဇာတ်လမ်းတွဲသစ်

မင်းသမီး Seo Ye Ji ကတော့ ပရိသတ်တွေနဲ့ တစ်နှစ်ခန့်ဝေးကွာခဲ့တာဖြစ်ပြီး အခုဆိုရင်ဇာတ်လမ်းတွဲသစ်နဲ့ပရိသတ်တွေဆီကိုပြန်လာခဲ့ပါပြီ။ မင်းသမီးကတော့သရုပ်ဆောင်ပိုင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာပါ။ သူပါဝင်ထားတဲ့ Eve ဆိုတဲ့ဇာတ်လမ်းတွဲသစ်ကို tvN ရုပ်သံလိုင်းကနေပြီး စတင်ပြသနေပြီလည်း ဖြစ်ပါတယ်။


Eve ဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမိသားစုတစ်ခုနဲ့ပတ်သက်ပြီး နာကျင်ကြေမွစရာအတိတ်တွေကြောင့် လက်တုံ့ပြန်ဖို့အတွက် နှစ်ပေါင်း(၁၃)နှစ်ကြာ စောင့်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝအကြောင်းကိုပုံဖော်ထားတာ ဖြစ်ပါတယ်။ Seo Ye Ji ကတော့ဖခင်ဖြစ်သူသေဆုံးမှုရဲ့သက်သေတစ်ယောက်ဖြစ်ပြီး (၁၃) နှစ်ကျော်ကြာတဲ့အခါမှာ ကိုရီးယားဝမ်(၃)ထရီလီယံရှိတဲ့ကွာရှင်းပြတ်စဲမှုမှာ အရေးပါတဲ့နေရာကနေပါဝင်လာခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင် Lee Rael အဖြစ်နဲ့ ပါဝင်ထားတာပါ။


အခုဆိုရင်တော့ အပိုင်းတစ်မှာပါဝင်တဲ့ ခပ်ကြမ်းကြမ်းဇာတ်ဝင်ခန်းတွေကြောင့် ပရိသတ်တွေကြားလူပြောများနေတာလည်း ဖြစ်ပါတယ်။ Eve ဇာတ်လမ်းတွဲကတော့ ပွဲဦးထွက်ပြသချိန်မှာကတည်းက ကြည့်ရှုနှုန်းတွေကောင်းမွန်ခဲ့တာပါ။ Seo Ye Ji ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေကြား လူပြောများစေခဲ့ပါပြီ။
Zawgyi ဖြင့်ဖတ်ရန်





Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x