ချစ်ရသူနဲ့လက်ထပ်တော့မယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးလာတဲ့မင်းသမီး Jang Na Ra

Posted on

ပရိသတ်တွေကိုအပြုံးချိုချိုလေးနဲ့ဖမ်းစားတတ်တဲ့မင်းသမီးချော Jang Na Ra ကတော့ ပရိသတ်တွေအံ့သြသွားစေမယ့် သတင်းကောင်းကိုထုတ်ပြန်ခဲ့ပါတယ်။ မင်းသမီးကတော့ အနုပညာလောကမှာ ဆယ်စုနှစ်(၂)စုကျော်ရှိပြီဖြစ်ပြီး ဇာတ်လမ်းတွဲများစွာရိုက်ကူးခဲ့တဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပါ။ အသက်(၄၁)နှစ်ရှိနေပြီဖြစ်တဲ့ Jang Na Ra ကတော့ သူ့ရဲ့မင်္ဂလာသတင်းကိုပရိသတ်တွေကို အသိပေးခဲ့ပါတယ်။


မင်းသမီးကတော့ ကိုယ်တိုင်ရေးထားတဲ့စာတစ်စောင်နဲ့အတူ လက်ထပ်တော့မှာဖြစ်ကြောင်းကို ပရိသတ်တွေကို ဒီနေ့မှာအသိပေးခဲ့တာပါ။ ခင်ပွန်းဖြစ်သူကတော့ ခြောက်နှစ်ငယ်ပြီးဗီဒီယိုထုတ်လုပ်ရေးမှာအလုပ်လုပ်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၂)နှစ်ကတည်းကကတိပြုခဲ့တဲ့သူတို့နှစ်ဦးကတော့ အခုဆိုရင်လက်ထပ်တော့မှာလည်း ဖြစ်ပါတယ်။ မင်းသမီးကတော့ ခင်ပွန်းလောင်းဖြစ်သူဟာ ဆယ်လီတစ်ယောက်မဟုတ်ဘဲ သာမန်လူတစ်ယောက်ဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေကိုအသိမပေးနိုင်တာကြောင့်လည်း တောင်းပန်ထားပါတယ်။


ချစ်စရာမင်းသမီးချောကတော့ လက်ထပ်ပြီးနောက်ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့တာပါ။ အသက်နဲ့မလိုက်အောင်နုပျိုပြီးပရိသတ်တွေချစ်ရတဲ့မင်းသမီး Jang Na Ra ကတော့ ချစ်ရသူနဲ့ရွှေလက်တွဲတော့မှာလည်း ဖြစ်ပါတယ်။ သူကတော့ လက်ထပ်ပြီးနောက် ဖန်တီးမှုခြေလှမ်းအသစ်တွေနဲ့လာဦးမယ်လို့လည်း ဆိုထားပါသေးတယ်။ Congradulations ပါ မင်းသမီးရေ…
Zawgyi ဖြင့်ဖတ်ရန်

ခ်စ္ရသူနဲ႔လက္ထပ္ေတာ့မယ့္အေၾကာင္းကို ပရိသတ္ေတြကို အသိေပးလာတဲ့မင္းသမီး Jang Na Ra
ပရိသတ္ေတြကိုအၿပဳံးခ်ိဳခ်ိဳေလးနဲ႔ဖမ္းစားတတ္တဲ့မင္းသမီးေခ်ာ Jang Na Ra ကေတာ့ ပရိသတ္ေတြအံ့ၾသသြားေစမယ့္ သတင္းေကာင္းကိုထုတ္ျပန္ခဲ့ပါတယ္။ မင္းသမီးကေတာ့ အႏုပညာေလာကမွာ ဆယ္စုႏွစ္(၂)စုေက်ာ္ရွိၿပီျဖစ္ၿပီး ဇာတ္လမ္းတြဲမ်ားစြာ႐ိုက္ကူးခဲ့တဲ့ နာမည္ႀကီးမင္းသမီးတစ္လက္ပါ။ အသက္(၄၁)ႏွစ္ရွိေနၿပီျဖစ္တဲ့ Jang Na Ra ကေတာ့ သူ႔ရဲ႕မဂၤလာသတင္းကိုပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။


မင္းသမီးကေတာ့ ကိုယ္တိုင္ေရးထားတဲ့စာတစ္ေစာင္နဲ႔အတူ လက္ထပ္ေတာ့မွာျဖစ္ေၾကာင္းကို ပရိသတ္ေတြကို ဒီေန႔မွာအသိေပးခဲ့တာပါ။ ခင္ပြန္းျဖစ္သူကေတာ့ ေျခာက္ႏွစ္ငယ္ၿပီးဗီဒီယိုထုတ္လုပ္ေရးမွာအလုပ္လုပ္ေနတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့(၂)ႏွစ္ကတည္းကကတိျပဳခဲ့တဲ့သူတို႔ႏွစ္ဦးကေတာ့ အခုဆိုရင္လက္ထပ္ေတာ့မွာလည္း ျဖစ္ပါတယ္။ မင္းသမီးကေတာ့ ခင္ပြန္းေလာင္းျဖစ္သူဟာ ဆယ္လီတစ္ေယာက္မဟုတ္ဘဲ သာမန္လူတစ္ေယာက္ျဖစ္တာေၾကာင့္ အေသးစိတ္အခ်က္အလက္ေတြကိုအသိမေပးႏိုင္တာေၾကာင့္လည္း ေတာင္းပန္ထားပါတယ္။
ခ်စ္စရာမင္းသမီးေခ်ာကေတာ့ လက္ထပ္ၿပီးေနာက္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားမယ္လို႔ ပရိသတ္ေတြကို အသိေပးခဲ့တာပါ။ အသက္နဲ႔မလိုက္ေအာင္ႏုပ်ိဳၿပီးပရိသတ္ေတြခ်စ္ရတဲ့မင္းသမီး Jang Na Ra ကေတာ့ ခ်စ္ရသူနဲ႔ေ႐ႊလက္တြဲေတာ့မွာလည္း ျဖစ္ပါတယ္။ သူကေတာ့ လက္ထပ္ၿပီးေနာက္ ဖန္တီးမႈေျခလွမ္းအသစ္ေတြနဲ႔လာဦးမယ္လို႔လည္း ဆိုထားပါေသးတယ္။ Congradulations ပါ မင္းသမီးေရ…