ဇာတ်လမ်းတွဲသစ်မှာပါဝင်လာမယ့် ‘The Penthouse’ မင်းသမီး Lee Ji Ah

Posted on

ပရိသတ်တွေနဲ့ရင်းနှီးပြီးသားနာမည်ကျော်မင်းသမီးတွေထဲမှာ Lee Ji Ah လည်း ပါဝင်ပါတယ်။ သူကတော့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်ရှိပြီး The Penthouse: War in Life ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေကြားရေပန်းစားသူပါ။


သူကတော့ The Penthouse ဇာတ်လမ်းတွဲပြီးနောက် ပရိသတ်တွေဆီကို ဇာတ်လမ်းတွဲသစ်နဲ့ပြန်လာတော့မှာပါ။ သူကတော့ tvN ကနေပြသမယ့် ‘First Lady’ ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်ဖို့အတွက်ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။ မီဒီယာတွေကတော့ ‘High Society’၊ ‘Good Casting’နဲ့ ‘Wonder Woman’ စတဲ့ဇာတ်လမ်းတွဲတွေကိုရိုက်ကူးထားတဲ့ ဒါရိုက်တာ Choi Young Hoon ရိုက်ကူးထားတဲ့ဒရမ်မာမှာ ပါဝင်ထားတယ်လို့ ဆိုပါတယ်။


Lee Ji Ah နာမည်ကျော် ဒရမ်မာတွေဖြစ်တဲ့ ‘The Penthouse’ ၊ ‘Athena: Goddess of War’ နဲ့ ‘The Ghost Detective’စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ထားတာကြောင့် လူသိများတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကမ်းလှမ်းထားတဲ့ ဒရမ်မာကိုအပြုသဘောသုံးသပ်နေတယ်လို့လည်း သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


