သားလေးမွေးဖွားပြီး တစ်ပတ်အကြာတွင် အစ်ကိုဖြစ်သူရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့ Park Shin Hye

Posted on

ပရိသတ်အချစ်တော်မင်းသမီးချောလေး Park Shin Hye ကတော့ မကြာသေးခင်ရက်သတ္တပတ်က သားဦးလေးကို မွေးဖွားခဲ့တာပါ။ မွေးဖွားပြီးနောက်မှာလည်း သားလေးရောမိခင်ပါကျန်းကျန်းမာမာရှိနေကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။


သူကတော့ ပရိသတ်တွေကို သူ့ရဲလှုပ်ရှားမှုတွေကို အင်စတာဂရမ်ကနေမျှဝေပေးလေ့ရှိတာပါ။ အခုလည်း သူကတော့ ဇွန်လ(၆)ရက်နေ့ကအင်စတာဂရမ်မှာအစ်ကိုဖြစ်သူရဲ့ပုံကိုတင်ခဲ့တာဖြစ်ပြီး “ငါ့ရဲ့တစ်ဦးတည်းသောချစ်ရတဲ့အစ်ကိုရေ မင်းရဲ့လက်ထပ်ပွဲအတွက်ဂုဏ်ယူပါတယ်။ မင်းကိုဘယ်သူကများပိုင်ဆိုင်သွားရမလဲလို့ အမြဲသိချင်နေခဲ့တာ။ ကောင်းမွန်ပျော်ရွှင်စွာနေထိုင်သွားပါ” ဆိုပြီးတော့ ရေးသားထားတာပါ။


Park Shin Hye ကတော့ အစ်ကိုဖြစ်သူရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ယူပျော်ရွှင်နေပုံပါပဲ။ လွန်ခဲ့တဲ့ရက်သတ္တပတ်က သားဦးလေးမွေးဖွားထားတာကြောင့် ဒီမိသားစုမှာတော့ ပျော်ရွှင်ဂုဏ်ယူစရာကိစ္စတစ်ခုရှိခဲ့တယ်လို့ဆိုရမှာပါ။ Park Shin Hye နဲ့ Choi Tae Joonတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေချစ်ရတဲ့အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ဇန်နဝါရီလက လက်ထပ်ခဲ့တာပါ။
Zawgyi ဖြင့်ဖတ်ရန်

သားေလးေမြးဖြားၿပီး တစ္ပတ္အၾကာတြင္ အစ္ကိုျဖစ္သူရဲ႕မဂၤလာပြဲကိုတက္ေရာက္ခဲ့တဲ့ Park Shin Hye
ပရိသတ္အခ်စ္ေတာ္မင္းသမီးေခ်ာေလး Park Shin Hye ကေတာ့ မၾကာေသးခင္ရက္သတၱပတ္က သားဦးေလးကို ေမြးဖြားခဲ့တာပါ။ ေမြးဖြားၿပီးေနာက္မွာလည္း သားေလးေရာမိခင္ပါက်န္းက်န္းမာမာရွိေနေၾကာင္းကို ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။


သူကေတာ့ ပရိသတ္ေတြကို သူ႔ရဲလႈပ္ရွားမႈေတြကို အင္စတာဂရမ္ကေနမွ်ေဝေပးေလ့ရွိတာပါ။ အခုလည္း သူကေတာ့ ဇြန္လ(၆)ရက္ေန႔ကအင္စတာဂရမ္မွာအစ္ကိုျဖစ္သူရဲ႕ပုံကိုတင္ခဲ့တာျဖစ္ၿပီး “ငါ့ရဲ႕တစ္ဦးတည္းေသာခ်စ္ရတဲ့အစ္ကိုေရ မင္းရဲ႕လက္ထပ္ပြဲအတြက္ဂုဏ္ယူပါတယ္။ မင္းကိုဘယ္သူကမ်ားပိုင္ဆိုင္သြားရမလဲလို႔ အၿမဲသိခ်င္ေနခဲ့တာ။ ေကာင္းမြန္ေပ်ာ္႐ႊင္စြာေနထိုင္သြားပါ” ဆိုၿပီးေတာ့ ေရးသားထားတာပါ။
Park Shin Hye ကေတာ့ အစ္ကိုျဖစ္သူရဲ႕မဂၤလာပြဲအတြက္ ဂုဏ္ယူေပ်ာ္႐ႊင္ေနပုံပါပဲ။ လြန္ခဲ့တဲ့ရက္သတၱပတ္က သားဦးေလးေမြးဖြားထားတာေၾကာင့္ ဒီမိသားစုမွာေတာ့ ေပ်ာ္႐ႊင္ဂုဏ္ယူစရာကိစၥတစ္ခုရွိခဲ့တယ္လို႔ဆိုရမွာပါ။ Park Shin Hye နဲ႔ Choi Tae Joonတို႔ ဇနီးေမာင္ႏွံကေတာ့ ပရိသတ္ေတြခ်စ္ရတဲ့အႏုပညာရွင္စုံတြဲေလးပဲျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ ဇန္နဝါရီလက လက္ထပ္ခဲ့တာပါ။