နှလုံးအစားထိုးကုသတဲ့လူနာကို ဝမ်(၁၅)သန်းလှူဒါန်းခဲ့တဲ့ Yoo Jae Suk

Posted on

ပရိသတ်တွေကတော့ Yoo Jae Suk ကို အစီအစဉ်တော်တော်များများမှာ တွေ့ဖူးကြမှာပါ။ Yoo Jae Suk ကတော့ Nation’s MC ဆိုတဲ့ ဂုဏ်ထူးကိုရရှိထားပြီး ပရိသတ်တွေချစ်ခင်လေးစားရတဲ့သူလည်း ဖြစ်ပါတယ်။ သူကတော့ လုပ်ငန်းခွင်မှာထူးချွန်ရုံတင်မက စိတ်နေသဘောထားလည်း ကောင်းမွန်တဲ့သူလည်း ဖြစ်ပါတယ်။


ဒီနေ့မှာတော့ နှလုံးအစားထိုးကုသတဲ့လူနာတစ်ယောက်ကို ဝမ်(၁၅)သန်းလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ လူနာဖြစ်သူကတော့ စုစုပေါင်းဝမ်(၈၈)သန်းကုန်ကျခဲ့တာဖြစ်ပြီး ကျန်းမာရေးအာမခံငွေ(၇၃) သန်းရရှိခဲ့ပြီး Yoo Jae Suk မှ လိုအပ်တဲ့ဝမ်(၁၅)သန်းကို လှူဒါန်းခဲ့တာပါ။ Yoo Jae Suk ကတော့ အခုလိုမျိုးလိုအပ်တဲ့နေရာတွေမှာ မကြာခဏလှူဒါန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။


အရင်နှစ်ကလည်း ခွဲစိတ်မှုအတွက်လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းတဲ့အကြောင်း သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ Yoo Jae Suk ကတော့ ခွဲစိတ်ဖို့အတွက်ခက်ခဲတဲ့သူတွေကို အကြမ်းဖျင်းအားဖြင့် တစ်လလျှင်တစ်ကြိမ်ခန့်လှူဒါန်းတယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


