Season 2 ထပ်မံထွက်ရှိလာတော့မယ့် All of Us are Dead ဇာတ်လမ်းတွဲ

Posted on

ပရိသတ်တွေကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို Season 2 ကိုမျှော်လင့်ခြင်းခံနေရတဲ့ဇာတ်လမ်းတွဲကတော့ All of Us are Dead ဇာတ်လမ်းတွဲပါ။ ဇွန်လ(၇)ရက်နေ့မှာတော့ Season 2 မှာလည်းပဲ အရှေ့ကအပိုင်းမှာပါဝင်ခဲ့တဲ့အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Yoon Chanyoung ၊ Park Jihu ၊ Cho Yihyun နဲ့ Lomon တို့ထပ်မံပါဝင်ဦးမယ့်အကြောင်း ကြောညာခဲ့ပါတယ်။


နာမည်ကျော်ခဲ့တဲ့ All of Us Are Dead ဇာတ်လမ်းတွဲကတော့ ဇွန်ဘီးဗိုင်းရပ်ပျံ့နှံ့သွားတဲ့ အထက်တန်းကျောင်းဝန်းအတွင်းမှာ ပိတ်မိနေတဲ့ကျောင်းသားအုပ်စုအကြောင်းကို အခြေတည်ပြီးရိုက်ကူးထားတာပါ။ ခက်ခဲတဲ့အခြေအနေကြားက ဇွန်ဘီးတွေရန်ကရှောင်ရှားပြီး ကျောင်းဝန်းထဲကလွတ်မြောက်ဖို့ကြိုးစားကြတဲ့အကြောင်းကို သည်းထိတ်ရင်ဖိုကြည့်ရှုရတဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

ထွက်ရှိလာမယ့်ရက်အတိအကျကိုတော့ မသိရသေးပေမဲ့ Season 2ကို ပရိသတ်တွေကိုအသိပေးတဲ့ ဗီဒီယိုကတော့ ထွက်ရှိလာပါပြီ။ ပရိသတ်တွေကြိုက်တဲ့ ခပ်ကြမ်းကြမ်းသည်းထိတ်ရင်ဖို ဇာတ်ကားကတော့ ထပ်မံထွက်ရှိလာဦးမှာမို့ ရင်ခုန်နေကြပြီလားနော်။
Zawgyi ဖြင့်ဖတ်ရန်

Season 2 ထပ္မံထြက္ရွိလာေတာ့မယ့္ All of Us are Dead ဇာတ္လမ္းတြဲ
ပရိသတ္ေတြၾကား ဝက္ဝက္ကြဲေအာင္ျမင္ခဲ့သလို Season 2 ကိုေမွ်ာ္လင့္ျခင္းခံေနရတဲ့ဇာတ္လမ္းတြဲကေတာ့ All of Us are Dead ဇာတ္လမ္းတြဲပါ။ ဇြန္လ(၇)ရက္ေန႔မွာေတာ့ Season 2 မွာလည္းပဲ အေရွ႕ကအပိုင္းမွာပါဝင္ခဲ့တဲ့အဓိကဇာတ္ေဆာင္ေတြျဖစ္တဲ့ Yoon Chanyoung ၊ Park Jihu ၊ Cho Yihyun နဲ႔ Lomon တို႔ထပ္မံပါဝင္ဦးမယ့္အေၾကာင္း ေၾကာညာခဲ့ပါတယ္။

နာမည္ေက်ာ္ခဲ့တဲ့ All of Us Are Dead ဇာတ္လမ္းတြဲကေတာ့ ဇြန္ဘီးဗိုင္းရပ္ပ်ံ႕ႏွံ႔သြားတဲ့ အထက္တန္းေက်ာင္းဝန္းအတြင္းမွာ ပိတ္မိေနတဲ့ေက်ာင္းသားအုပ္စုအေၾကာင္းကို အေျခတည္ၿပီး႐ိုက္ကူးထားတာပါ။ ခက္ခဲတဲ့အေျခအေနၾကားက ဇြန္ဘီးေတြရန္ကေရွာင္ရွားၿပီး ေက်ာင္းဝန္းထဲကလြတ္ေျမာက္ဖို႔ႀကိဳးစားၾကတဲ့အေၾကာင္းကို သည္းထိတ္ရင္ဖိုၾကည့္ရႈရတဲ့ဇာတ္ကားေကာင္းတစ္ခုျဖစ္ပါတယ္။
ထြက္ရွိလာမယ့္ရက္အတိအက်ကိုေတာ့ မသိရေသးေပမဲ့ Season 2ကို ပရိသတ္ေတြကိုအသိေပးတဲ့ ဗီဒီယိုကေတာ့ ထြက္ရွိလာပါၿပီ။ ပရိသတ္ေတြႀကိဳက္တဲ့ ခပ္ၾကမ္းၾကမ္းသည္းထိတ္ရင္ဖို ဇာတ္ကားကေတာ့ ထပ္မံထြက္ရွိလာဦးမွာမို႔ ရင္ခုန္ေနၾကၿပီလားေနာ္။