Lisa ကတော့ ထူးချွန်တဲ့အနုပညာစွမ်းရည်တွေကြောင့် လူတိုင်းကအသိအမှတ်ပြုခံထားရတာပါ။ ဒါ့အပြင် လှပကျော့ရှင်းပြီးပရိသတ်တွေကိုဖမ်းစားနိုင်တာကြောင့်လည်း မော်ဒယ်လ်တစ်ယောက်အနေနဲ့ အမှတ်တံဆိပ်တွေနဲ့လက်တွဲလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ Lisa ကတော့ Bvlgari ရဲ့ Global Ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။
ပရိသတ်အချစ်တော် Lisa ကတော့ ပဲရစ်မှာ Bvlgari ရဲ့ ရှိုးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒါကတော့ Bvlgari ရဲ့ အသစ်ထွက်ရှိမယ့်လက်ဝတ်ရတနာတွေနဲ့လက်ပတ်နာရီတွေကို ပြသတဲ့ပွဲလည်း ဖြစ်ပါတယ်။ သူကတော့ ဒီပွဲအခမ်းအနာကိုလှပကျော့ရှင်းစွာတက်ရောက်လာခဲ့ပြီး ဟောလိဝုဒ်မင်းသမီးချော Anne Hathaway နဲ့အတူတွေ့ရှိရတာပါ။
ဒီပွဲမှာ Lisa ကတော့ အဝါရောင်တောက်တောက် mermaid dress နဲ့ ရိုးရှင်းစွာလှပနေပြန်တာပါ။ ဒီဝတ်စုံကတော့ သူ့ရဲ့သွယ်လျတဲ့ကိုယ်လုံးကို ပိုပြီးတော့ ထင်ပေါ်စေပါတယ်။ ဒီဝတ်စုံကတော့ Pinkong ရဲ့ FW22 ကော်လက်ရှင်ထဲကဝတ်စုံလည်း ဖြစ်ပါတယ်။ Bvlgari ရဲ့လက်ဝတ်ရတနာတွေကိုဝတ်ဆင်ထားပြီး အထက်တန်းဆန်ဆန်လှနေတဲ့ Lisa ကတော့ ပရိသတ်တွေကြားလူပြောများတဲ့ဖက်ရှင်ဖြစ်နေခဲ့ပါပြီ။
Zawgyi ဖြင့်ဖတ်ရန်
ကျော့ရှင်းလှပနေတဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေကြားလူပြောများနေတဲ့ Lisa