ဆိုရှယ်မီဒီယာမှာရေပန်းစားတဲ့အထိဖြစ်ခဲ့တဲ့ အဖြူရောင်ဝတ်စုံနဲ့ Rosé ရဲ့ဖက်ရှင်

Posted on

အသံချိုချိုလေးတင်မက သွယ်လျတဲ့ကိုယ်လုံးလေးနဲ့လှတဲ့သူကတော့ Blackpink အဖွဲ့ဝင် Rosé ပဲဖြစ်ပါတယ်။ အိုင်ဒေါတစ်ယောက်အနေနဲ့ ပြီးပြည့်စုံတဲ့အရည်အချင်းတွေကိုပိုင်ဆိုင်ထားပြီး အမှတ်တံဆိပ်တွေနဲ့လက်တွဲထားတဲ့သူတစ်ယောက်ပါ။ သူကတော့ Tiffany & Co အမှတ်တံဆိပ်ရဲ့ Global Brand Ambassador တစ်ယောက်ဖြစ်ပါတယ်။


Rosé ကတော့ Tiffany & Co ရဲ့ပွဲကို လန်ဒန်မှာတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူကတော့ Rokh အမှတ်တံဆိပ်အဖြူရောင်ဝတ်စုံနဲ့ နတ်သမီးလေးတစ်ပါးလိုလှပနေခဲ့တာပါ။ Rosé ကတော့ Tiffany & Co ရဲ့ ပရိုမိုးရှင်းအတွက် ဓာတ်ပုံတွေမကြာခဏရိုက်ကူးနေသလို ပွဲတွေကိုလည်း တက်ရောက်လေ့ရှိသူပါ။ သူကတော့ ဒီအမှတ်တံဆိပ်လက်ဝတ်ရတနာတွေကို ဝတ်ဆင်ရတာကိုနှစ်သက်တာကြောင့် Brand Ambassador တစ်ယောက်ဖြစ်ရတဲ့အပေါ် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။


အခုလည်း Roséတစ်ယောက် ပွဲကိုတက်ရောက်ပြီးနောက် လူပေါင်းများစွာကသူ့ရဲ့ပုံတွေကို ဆိုရှယ်မီဒီယာတွေမှာမျှဝေတဲ့အထိ နာမည်ကျော်ခဲ့ပြန်ပါတယ်။ ကိုယ်ပိုင်အနုပညာအရည်အချင်းတွေကြောင့်သာမက အခုလိုမင်းသမီးလေးလိုလှပလွန်းတာကြောင့်လည်း နာမည်ကျော်တဲ့ Blackpink အဖွဲ့ဝင်တစ်ယောက်ပါပဲ။
Zawgyi ဖြင့်ဖတ်ရန်




