နုပျိုတဲ့အလှတရားတွေကြောင့် ပရိသတ်တွေကိုအံ့သြသွားစေခဲ့တဲ့ Song Ji Hyo

Posted on

တောင်ကိုရီးယားမင်းသမီးတွေကတော့ နုပျိုလှပမှုတွေကြောင့် နာမည်ကြီးကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက်ကြီးလာသည့်တိုင်အောင် ရှိရင်းစွဲအသက်ထက်များစွာနုပျိုနေတာကို တွေ့ရတာပါ။ မင်းသမီးချော Song Ji Hyo ကတော့ နုပျိုလှပနေမှုကြောင့် ချီးကျူးခံရသူပဲ ဖြစ်ပါတယ်။


အနုပညာသက်တမ်းဆယ်စုနှစ်(၂) စုကျော်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းများစွာမှာပါဝင်ခဲ့တဲ့ နာမည်ကြီးမင်းသမီးတစ်လက်အဖြစ်နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာအသက်(၄၀) ရှိနေပြီဖြစ်ပါတယ်။ အမှတ်တံဆိပ်တွေရဲ့မော်ဒယ်လ်အဖြစ်လည်းလုပ်ကိုင်တဲ့ Song Ji Hyo ကတော့ သူ့ရဲ့အင်စတာဂရမ်မှာကြော်ငြာဓာတ်ပုံအသစ်ကို မျှဝေခဲ့ပါတယ်။
သူကတော့ ဒီပုံထဲမှာဆံပင်ရှည်နဲ့အတူ ဝင်းမွတ်ချောမွေ့တဲ့အသားအရည်တွေက မြင်သူတကာကိုအံ့သြစေခဲ့တာဖြစ်ပြီး အသက်(၄၀) လို့မထင်ရအောင်လှပနေတာပါ။


Song Ji Hyo ကတော့ ပရိသတ်တွေရှေ့စတင်ရောက်ရှိချိန်ကတည်းကနေအခုအချိန်အထိတိုင်အောင်လှပနေဆဲဖြစ်ပြီး အသက်ကြီးသွားတယ်လို့မထင်ရအောင်နုပျိုနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့ချီးကျူးတဲ့မှတ်ချက်များစွာကို ရရှိနေပြန်တာပါ။ သရုပ်ဆောင်ပီပြင်သလို နုပျိုတဲ့အလှတွေကိုပိုင်ဆိုင်ထားတဲ့မင်းသမီးချောပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်


