ပန်းခင်းလမ်းကိုလျှောက်လှမ်းရသလိုမျိုး Hyun Bin နဲ့လက်ထပ်ခဲ့တဲ့အခြေအနေကိုပြောလာတဲ့ Son Ye Jin

Posted on

မင်းသမီးချော Son Ye Jin ကတော့ ရုပ်ရည်လှပသလို ပြီးပြည့်စုံတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါပဲ။ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ဒိတ်ဒိတ်ကြဲမင်းသားတစ်လက်ဖြစ်တဲ့ Hyun Bin နဲ့လည်း လက်ထပ်ထားတာကြောင့် အများကအားကျရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ ပရိသတ်တွေကတော့ Son Ye Jin ကို အမြဲဂရုတစိုက်ရှိနေပြီး အင်စတာဂရမ်ကပိုစ့်တစ်ခုကြောင့်လည်း အိမ်ထောင်ရေးသာယာနေတယ်လို့ မှတ်ချက်ပြုနေကြတာပါ။


Son Ye Jin က မကြာသေးခင်ကတော့ အင်စတာဂရမ်မှာ ကိတ်မုန့်တစ်ခုပုံတင်ခဲ့ပါတယ်။ ဒီကိတ်မုန့်မှာတော့ “Ye Jin ပန်းခင်းလမ်းကိုလျှောက်လှမ်းကြရအောင်” လို့ ရေးသားထားပါတယ်။ ဒီပုံကိုမျှဝေပြီးတော့ Son Ye Jin ကတော့ “ဟုတ်ပြီ။ ငါလုပ်မယ်။ မင်းလည်း ပန်းခင်းလမ်းကို လျှောက်လှမ်းဖို့မျှော်လင့်ပါတယ်။” လို့လည်း ပိုစ့်တင်ရေးသားထားပါတယ်။


ဒါကတော့ ဆုတောင်းစကားတစ်ခုအနေနဲ့မဟုတ်ဘဲနဲ့ သူ့ရဲ့ပျော်ရွှင်စိတ်လှုပ်ရှားစရာခံစားချက်ကို မျှဝေတာဖြစ်ပါတယ်။ Son Ye Jin တစ်ယောက်ဆိုရှယ်မီဒီယာမှာမျှဝေတာနဲ့ပတ်သက်ပြီး ပျော်ရွှင်ချိုမြိန်တဲ့ဘဝကိုဖြတ်သန်းနေတဲ့ပုံပါပဲ။ Hyun Bin နဲ့လက်ထပ်ပြီးနောက်မှာ ကြော်ငြာတွေမှာလည်း ပေါ်လာတာမို့ အလုပ်နဲ့ဘဝကထပ်တူကျပြီး အဆင်ပြေနေပုံပါပဲ ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်

ပန္းခင္းလမ္းကိုေလွ်ာက္လွမ္းရသလိုမ်ိဳး Hyun Bin နဲ႔လက္ထပ္ခဲ့တဲ့အေျခအေနကိုေျပာလာတဲ့ Son Ye Jin
မင္းသမီးေခ်ာ Son Ye Jin ကေတာ့ ႐ုပ္ရည္လွပသလို ၿပီးျပည့္စုံတဲ့ဘဝေလးကို ပိုင္ဆိုင္ထားတဲ့သူတစ္ေယာက္ပါပဲ။ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္သလို ဒိတ္ဒိတ္ႀကဲမင္းသားတစ္လက္ျဖစ္တဲ့ Hyun Bin နဲ႔လည္း လက္ထပ္ထားတာေၾကာင့္ အမ်ားကအားက်ရတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတာပါ။ ပရိသတ္ေတြကေတာ့ Son Ye Jin ကို အၿမဲဂ႐ုတစိုက္ရွိေနၿပီး အင္စတာဂရမ္ကပိုစ့္တစ္ခုေၾကာင့္လည္း အိမ္ေထာင္ေရးသာယာေနတယ္လို႔ မွတ္ခ်က္ျပဳေနၾကတာပါ။


Son Ye Jin က မၾကာေသးခင္ကေတာ့ အင္စတာဂရမ္မွာ ကိတ္မုန႔္တစ္ခုပုံတင္ခဲ့ပါတယ္။ ဒီကိတ္မုန႔္မွာေတာ့ “Ye Jin ပန္းခင္းလမ္းကိုေလွ်ာက္လွမ္းၾကရေအာင္” လို႔ ေရးသားထားပါတယ္။ ဒီပုံကိုမွ်ေဝၿပီးေတာ့ Son Ye Jin ကေတာ့ “ဟုတ္ၿပီ။ ငါလုပ္မယ္။ မင္းလည္း ပန္းခင္းလမ္းကို ေလွ်ာက္လွမ္းဖို႔ေမွ်ာ္လင့္ပါတယ္။” လို႔လည္း ပိုစ့္တင္ေရးသားထားပါတယ္။
ဒါကေတာ့ ဆုေတာင္းစကားတစ္ခုအေနနဲ႔မဟုတ္ဘဲနဲ႔ သူ႔ရဲ႕ေပ်ာ္႐ႊင္စိတ္လႈပ္ရွားစရာခံစားခ်က္ကို မွ်ေဝတာျဖစ္ပါတယ္။ Son Ye Jin တစ္ေယာက္ဆိုရွယ္မီဒီယာမွာမွ်ေဝတာနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ခ်ိဳၿမိန္တဲ့ဘဝကိုျဖတ္သန္းေနတဲ့ပုံပါပဲ။ Hyun Bin နဲ႔လက္ထပ္ၿပီးေနာက္မွာ ေၾကာ္ျငာေတြမွာလည္း ေပၚလာတာမို႔ အလုပ္နဲ႔ဘဝကထပ္တူက်ၿပီး အဆင္ေျပေနပုံပါပဲ ပရိသတ္ႀကီးေရ။