ဒေါင်းရောဂါခံစားနေရတဲ့မင်းသမီး Jung Eun Hye အတွက် မွေးနေ့ပါတီပွဲနဲ့အံ့အားသင့်စေခဲ့တဲ့ Han Ji Min

Posted on

မင်းသမီး Han Ji Min ကတော့ Our Blues ဇာတ်လမ်းတွဲရဲ့ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ နောက်ဆုံအပိုင်းရဲ့ပုံရိပ်တွေကို ပိုစ့်တင်ပြီးတော့မျှဝေခဲ့ပါတယ်။ Our Blues ဇာတ်လမ်းတွဲကတော့ ဂျယ်ကျူးကျွန်းကလူတွေရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပြီး ပျော်ရွှင်မှုတွေနဲ့ဘဝအမောတွေကို ခံစားရတဲ့ဇာတ်ကားကောင်းတစ်ခုပါ။

Han Ji Min မျှစေခဲ့တဲ့ပုံတွေထဲမှာတော့ ဒေါင်းရောဂါခံစားနေရတဲ့သရုပ်ဆောင် Jung Eun Hye ၊ Han Ji Minနဲ့ Kim Woo Bin တို့အပါအဝင် အခြားသောသရုပ်ဆောင်တွေရဲ့ပုံရိပ်တွေက နွေးထွေးတဲ့အပြုအမူတွေက ပရိသတ်တွေကို သဘောကျစေခဲ့တာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ Han Ji Minနဲ့ Kim Woo Bin တို့ကတော့ ဒေါင်းရောဂါခံစားနေရတဲ့သရုပ်ဆောင် Jung Eun Hye ရဲ့မွေးနေ့ကို Surprise လုပ်ခဲ့ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့မြင်ကွင်းကတော့ တကယ့်ကိုဆွဲဆောင်မှုရှိခဲ့တာလည်း ဖြစ်ပါတယ်။


Han Ji Min ကတော့ ဒီဇာတ်လမ်းတွဲမှာ လီယောင်အို့အဖြစ်နဲ့ပါဝင်ထားတာဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ခဲ့တဲ့ဒီဇာတ်လမ်းကတော့ ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တာဖြစ်ပြီး ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်တွေကလည်း နွေးထွေးမှုရှိတာကြောင့် ပရိသတ်တွေသဘောကျခဲ့ရတာညလ်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



