ဇာတ်သိမ်းပိုင်းမှာ အမြင့်ဆုံးကြည့်ရှုနှုန်းတွေရရှိခဲ့တဲ့ Our Blues

Posted on

Our Blues ဇာတ်လမ်းတွဲကတော့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ဇာတ်လမ်းတွဲဖြစ်တာကြောင့် ပရိသတ်တွေစိတ်ဝင်စားခဲ့ကြပါတယ်။ ကြည့်နေကြဒရမ်မာအချစ်ဇာတ်လမ်းတွဲတစ်ခုမဟုတ်ဘဲ ဘဝအကြောင်း အချစ်အကြောင်းတွေကို ပုံဖော်ဖန်တီးထားတဲ့ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ တောင်ကိုရီးယားနိုင်ငံဂျယ်ဂျူးကျွန်းမှာရှိတဲ့လူတွေရဲ့ဘဝအကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်ကောင်တွေရဲ့ဝမ်းနည်းစရာကြည်နူးစရာတွေကတော့ ပရိသတ်တွေကိုအကြိုက်တွေ့စေခဲ့ပြီး ကြည့်ရှုနှုန်းလည်းကောင်းမွန်ခဲ့ပါတယ်။ အခုဆိုရင်တော့ Our Blues ဇာတ်လမ်းတွဲကတော့ ဇာတ်သိမ်းပိုင်းကိုပြသခဲ့ပြီ ဖြစ်ပါတယ်။


Nielsen Korea ရဲ့ထုတ်ပြန်ချက်အရ Our Blues ကတော့ ကိုရီးယားနိုင်ငံအတွင်းကြည့်ရှုနှုန်း 14.597% အထိရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အသည်းနှလုံးကိုဖမ်းစားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ အပိုင်း(၁၈)မှာလည်း အမြင့်ဆုံးကြည့်ရှုနှုန်း အထိရရှိခဲ့တာလည်း ဖြစ်ပါတယ်။ Our Blues ဇာတ်လမ်းတွဲပြီးနောက်မှာတော့ Alchemy of Souls ဆိုတဲ့ ဇာတ်လမ်းတွဲကိုပြသမှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဇာတ္သိမ္းပိုင္းမွာ အျမင့္ဆုံးၾကည့္ရႈႏႈန္းေတြရရွိခဲ့တဲ့ Our Blues
Our Blues ဇာတ္လမ္းတြဲကေတာ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္ေတြမ်ားစြာပါဝင္ထားတဲ့ဇာတ္လမ္းတြဲျဖစ္တာေၾကာင့္ ပရိသတ္ေတြစိတ္ဝင္စားခဲ့ၾကပါတယ္။ ၾကည့္ေနၾကဒရမ္မာအခ်စ္ဇာတ္လမ္းတြဲတစ္ခုမဟုတ္ဘဲ ဘဝအေၾကာင္း အခ်စ္အေၾကာင္းေတြကို ပုံေဖာ္ဖန္တီးထားတဲ့ဇာတ္ကားေလးလည္း ျဖစ္ပါတယ္။


ဒီဇာတ္လမ္းတြဲမွာေတာ့ ေတာင္ကိုရီးယားႏိုင္ငံဂ်ယ္ဂ်ဴးကြၽန္းမွာရွိတဲ့လူေတြရဲ႕ဘဝအေၾကာင္းေတြကို ပုံေဖာ္႐ိုက္ကူးထားတာပါ။ ဇာတ္ေကာင္ေတြရဲ႕ဝမ္းနည္းစရာၾကည္ႏူးစရာေတြကေတာ့ ပရိသတ္ေတြကိုအႀကိဳက္ေတြ႕ေစခဲ့ၿပီး ၾကည့္ရႈႏႈန္းလည္းေကာင္းမြန္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Our Blues ဇာတ္လမ္းတြဲကေတာ့ ဇာတ္သိမ္းပိုင္းကိုျပသခဲ့ၿပီ ျဖစ္ပါတယ္။
Nielsen Korea ရဲ႕ထုတ္ျပန္ခ်က္အရ Our Blues ကေတာ့ ကိုရီးယားႏိုင္ငံအတြင္းၾကည့္ရႈႏႈန္း 14.597% အထိရရွိခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ႕အသည္းႏွလုံးကိုဖမ္းစားႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။ အပိုင္း(၁၈)မွာလည္း အျမင့္ဆုံးၾကည့္ရႈႏႈန္း အထိရရွိခဲ့တာလည္း ျဖစ္ပါတယ္။ Our Blues ဇာတ္လမ္းတြဲၿပီးေနာက္မွာေတာ့ Alchemy of Souls ဆိုတဲ့ ဇာတ္လမ္းတြဲကိုျပသမွာလည္း ျဖစ္ပါတယ္။