ငယ်ဘဝမှာခါးသီးခဲ့ပြီး ခံစားချက်တွေကိုဖွင့်ဟလေ့မရှိတဲ့သူဖြစ်လာတဲ့ Song Hye Ko

Posted on

Song Hye Ko ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်ပြီး ပြည်ပနိုင်ငံတွေအထိပါနာမည်ကျော်သူတစ်ယောက်ပါ။ “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ဇာတ်လမ်းတွဲကစလို့ အောင်မြင်မှုတွေကိုဆက်တိုက်ရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အလှတရားနဲ့အောင်မြင်မှုတွေရရှိခဲ့တဲ့မင်းသမီးကတော့နာကျင်စရာကောင်းတဲ့ကလေးဘဝကို ပိုင်ဆိုင်ထားခဲ့ရတာပါ။


Song Hye Kyo ရဲ့ကလေးဘဝမှာတော့ မိဘတွေဟာကွာရှင်းပြတ်စဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူဟာ ငယ်ရွယ်စဉ်မှာအိမ်ထောင်ကျခဲ့ပြီး အဆင်မပြေဖြစ်ခဲ့ကြပုံရပါတယ်။ ဖခင်ဖြစ်သူကထားသွားပြီးနောက် မိခင်ဖြစ်သူက ဆိုးလ်ကိုမခေါ်ခင်အထိအဘိုးအဘွားတွေထံမှာ ကြီးပြင်းခဲ့ရတာလည်း ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝက ဒီနေ့မှာ သန်မာပြီးအမှီအခိုကင်းတဲ့ Song Hye Kyo ဖြစ်လာစေခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့နှလုံးသားကတော့ နံရံတွေနဲ့ကာရံထားသလို ဖြစ်နေပုံပါပဲ။


အိမ်ထောင်ရေးကလည်း Song Joon Gi နဲ့လက်ထပ်ပြီးနောက်(၂)နှစ်သာကြာခဲ့ပြီး ကွာရှင်းပြတ်စဲခဲ့တာလည်း ဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိနေသော်လည်း နာကျင်စရာတွေနဲ့ရှုပ်ယှက်နေတဲ့သူ့ရဲ့ဘဝကြောင့် ပရိသတ်အချို့ကတော့ သနားစရာကောင်းတဲ့အလှလို့ဆိုကြပါတယ်။ အခက်အခဲမျိုးစုံကိုကျော်ဖြတ်ပြီးနောက် အောင်မြင်မှုတွေနဲ့အတူ သာယာတဲ့အချစ်ရေးကိုပိုင်ဆိုင်လာဖို့ကိုလည်း ပရိသတ်တွေက မျှော်လင့်နေကြတာပါ။
Zawgyi ဖြင့်ဖတ်ရန်

ငယ္ဘဝမွာခါးသီးခဲ့ၿပီး ခံစားခ်က္ေတြကိုဖြင့္ဟေလ့မရွိတဲ့သူျဖစ္လာတဲ့ Song Hye Ko
Song Hye Ko ကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ဒိတ္ဒိတ္ႀကဲမင္းသမီးတစ္လက္ျဖစ္ၿပီး ျပည္ပႏိုင္ငံေတြအထိပါနာမည္ေက်ာ္သူတစ္ေယာက္ပါ။ “ေဆာင္းဦး႐ြက္ေႂကြခ်စ္သက္ေသ” ဇာတ္လမ္းတြဲကစလို႔ ေအာင္ျမင္မႈေတြကိုဆက္တိုက္ရရွိခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ အလွတရားနဲ႔ေအာင္ျမင္မႈေတြရရွိခဲ့တဲ့မင္းသမီးကေတာ့နာက်င္စရာေကာင္းတဲ့ကေလးဘဝကို ပိုင္ဆိုင္ထားခဲ့ရတာပါ။


Song Hye Kyo ရဲ႕ကေလးဘဝမွာေတာ့ မိဘေတြဟာကြာရွင္းျပတ္စဲခဲ့ၾကတာပဲ ျဖစ္ပါတယ္။ မိခင္ျဖစ္သူနဲ႔ဖခင္ျဖစ္သူဟာ ငယ္႐ြယ္စဥ္မွာအိမ္ေထာင္က်ခဲ့ၿပီး အဆင္မေျပျဖစ္ခဲ့ၾကပုံရပါတယ္။ ဖခင္ျဖစ္သူကထားသြားၿပီးေနာက္ မိခင္ျဖစ္သူက ဆိုးလ္ကိုမေခၚခင္အထိအဘိုးအဘြားေတြထံမွာ ႀကီးျပင္းခဲ့ရတာလည္း ျဖစ္ပါတယ္။ ခက္ခဲၾကမ္းတမ္းတဲ့ငယ္ဘဝက ဒီေန႔မွာ သန္မာၿပီးအမွီအခိုကင္းတဲ့ Song Hye Kyo ျဖစ္လာေစခဲ့တာပါ။ ဒါေပမဲ့ သူ႔ရဲ႕ႏွလုံးသားကေတာ့ နံရံေတြနဲ႔ကာရံထားသလို ျဖစ္ေနပုံပါပဲ။


အိမ္ေထာင္ေရးကလည္း Song Joon Gi နဲ႔လက္ထပ္ၿပီးေနာက္(၂)ႏွစ္သာၾကာခဲ့ၿပီး ကြာရွင္းျပတ္စဲခဲ့တာလည္း ျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြရရွိေနေသာ္လည္း နာက်င္စရာေတြနဲ႔ရႈပ္ယွက္ေနတဲ့သူ႔ရဲ႕ဘဝေၾကာင့္ ပရိသတ္အခ်ိဳ႕ကေတာ့ သနားစရာေကာင္းတဲ့အလွလို႔ဆိုၾကပါတယ္။ အခက္အခဲမ်ိဳးစုံကိုေက်ာ္ျဖတ္ၿပီးေနာက္ ေအာင္ျမင္မႈေတြနဲ႔အတူ သာယာတဲ့အခ်စ္ေရးကိုပိုင္ဆိုင္လာဖို႔ကိုလည္း ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတာပါ။