ခပ်ဟော့ဟော့အမိုက်စားပုံရိပ်တွေနဲ့ပရိသတ်တွေကို အံ့သြသွားစေခဲ့တဲ့ Jennie

Posted on

Blackpink အဖွဲ့ဝင်တွေကတော့ အမိုက်စားပုံရိပ်တွေနဲ့ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့သူတွေပါ။ ဒီတစ်ခေါက်မှာ Jennie ကတော့ ခပ်ဟော့ဟော့ပုံရိပ်တွေနဲ့ပရိသတ်တွေကို အမြင်ဆန်းခဲ့စေပြန်ပါတယ်။ မော်ဒယ်လ်တစ်ယောက်အဖြစ် မကြာခဏဆိုသလို ရိုက်ကူးရေးပုံရိပ်တွေကိုပရိသတ်တွေမြင်တွေ့ရလေ့ရှိပြီး အခုလည်း ပရိသတ်တွေကို အံ့သြစေမယ့်ပုံရိပ်တွေကိုမျှဝေခဲ့ပြန်ခဲ့ပါတယ်။


ဇူလိုင်လမှာထုတ်ဝေမယ့် W Korea မဂ္ဂဇင်းမှာ Jennie ကတော့ဆွဲဆောင်မှုရှိတဲ့အမိုက်စားပုံရိပ်ကို ပြသခဲ့ပါတာပါ။ လတ်တလောလှုပ်ရှားမှုအနေနဲ့ သူ့ရဲ့အမိုက်စားပုံရိပ်တွေကိုမျှဝေပြီးတော့ ပရိသတ်တွေကို ဖော်ပြခဲ့ပါတယ်။သူကတော့ကိုယ်ပိုင်အင်စတာဂရမ်အကောင့်မှာ ဘာမှတ်ချက်မှမရေးသားဘဲနဲ့ ဓာတ်ပုံ(၄)ပုံကို တင်ခဲ့ပါတယ်။


အဲ့ဒီပုံရိပ်တွေထဲကမှ ဝက်ဝံရုပ်တွေကြားထဲမှာ ကင်မရာကိုစိုက်ကြည့်နေတဲ့ပုံရိပ်ကလည်း ဆွဲဆောင်မှုအပြည့်နဲ့ဖမ်းစားနေသလိုပါပဲ။ ဒါ့အပြင် နွေရာသီနဲ့လိုက်ဖက်တဲ့ဝတ်စုံတွေဖြစ်ပြီး အတွင်းသားတွေကိုလှစ်ဟပြထားတာလည်း ဖြစ်ပါတယ်။ Jennie ကတော့ ချစ်စရာကောင်းပြီးစတိုင်ကျသလို Sexy ကျသလို အမိုက်စားပုံရိတွေနဲ့လည်းဖမ်းစားတတ်တဲ့ Fashion Icon တစ်ယောက်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်




