လျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်ကောင် Anna အဖြစ်နဲ့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတဲ့ Suzy

Posted on

Suzy ကတော့ အောင်မြင်တဲ့အိုင်ဒေါတစ်ယောက်ဖြစ်သလို မင်းသမီးတစ်လက်အနေနဲ့လည်း ဇာတ်ကားတိုင်းလိုလိုအောင်မြင်မှုရရှိတဲ့သူတစ်ယောက်ပါပဲ။ သူကတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပြီး Suzy ပါဝင်တဲ့ဇာတ်လမ်းတွဲတိုင်းဟာပရိသတ်အကြိုက်တွေ့လေ့ရှိတာကြောင့် Anna ဇာတ်လမ်းတွဲသစ်ကိုလည်း ပရိသတ်တွေကစိတ်ဝင်စားနေကြတာပါ။


အခုဆိုရင် မင်းသမီးချော Suzy ပါဝင်ထားတဲ့ Anna ဇာတ်လမ်းတွဲရဲ့ Trailer နဲ့ပိုစတာကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီလနှောင်းပိုင်းဖြစ်တဲ့ဇွန်လ(၂၄)ရက်နေ့မှာ Coupang Play မှာပြသတော့မှာဖြစ်တဲ့ Anna စီးရီးကတော့ ရက်စက်ကြမ်းကြုတ်တဲ့လူ့အဖွဲ့အစည်းမှာမျှော်လင့်ချက်ကင်းမဲ့စွာနေထိုင်နေရတဲ့ ယူမီဆိုတဲ့ ဇာတ်ကောင်ကြောင်းကို ရိုက်ကူးဖန်တီးထားတာပါ။


တစ်နေ့မှာတော့ ရိုးရှင်းတဲ့လိမ်ညာမှုတစ်ခုက ယူမီကို ပြီးပြည့်စုံပြီးလူတိုင်းကိုဦးဆောင်နေတဲ့ Anna ဆိုတဲ့အမျိုးသမီးအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ Trailer မှာတော့ “တစ်စုံတစ်ခုကိုတကယ်လိုချင်တာလား မလိုချင်တာလားဆိုတာ မင်းသိလား” ဆိုတဲ့ Suzy ရဲ့ပြောစကားနဲ့အစချီထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ယူမီကနေ Anna ဖြစ်တဲ့အထိပြန်လည်ကြည့်ရင် အခြားသောဇာတ်ကောင်တွေဖြစ်တဲ့ Jung Eun Chae ၊ Kim Jun Han နဲ့ Park Ye Young တို့ကလည်း ပါဝင်နေပါတယ်။ ဒီဇာတ်ကားကိုတော့ ဇွန်လ(၂၄)ရက်နေ့ကစတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Zawgyi ဖြင့်ဖတ်ရန်

လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ဇာတ္ေကာင္ Anna အျဖစ္နဲ႔ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကိုရရွိေနတဲ့ Suzy
Suzy ကေတာ့ ေအာင္ျမင္တဲ့အိုင္ေဒါတစ္ေယာက္ျဖစ္သလို မင္းသမီးတစ္လက္အေနနဲ႔လည္း ဇာတ္ကားတိုင္းလိုလိုေအာင္ျမင္မႈရရွိတဲ့သူတစ္ေယာက္ပါပဲ။ သူကေတာ့ ဒိတ္ဒိတ္ႀကဲအႏုပညာရွင္တစ္ေယာက္အျဖစ္ရပ္တည္ေနတာျဖစ္ၿပီး Suzy ပါဝင္တဲ့ဇာတ္လမ္းတြဲတိုင္းဟာပရိသတ္အႀကိဳက္ေတြ႕ေလ့ရွိတာေၾကာင့္ Anna ဇာတ္လမ္းတြဲသစ္ကိုလည္း ပရိသတ္ေတြကစိတ္ဝင္စားေနၾကတာပါ။


အခုဆိုရင္ မင္းသမီးေခ်ာ Suzy ပါဝင္ထားတဲ့ Anna ဇာတ္လမ္းတြဲရဲ႕ Trailer နဲ႔ပိုစတာကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ဒီလေႏွာင္းပိုင္းျဖစ္တဲ့ဇြန္လ(၂၄)ရက္ေန႔မွာ Coupang Play မွာျပသေတာ့မွာျဖစ္တဲ့ Anna စီးရီးကေတာ့ ရက္စက္ၾကမ္းၾကဳတ္တဲ့လူ႔အဖြဲ႕အစည္းမွာေမွ်ာ္လင့္ခ်က္ကင္းမဲ့စြာေနထိုင္ေနရတဲ့ ယူမီဆိုတဲ့ ဇာတ္ေကာင္ေၾကာင္းကို ႐ိုက္ကူးဖန္တီးထားတာပါ။
တစ္ေန႔မွာေတာ့ ႐ိုးရွင္းတဲ့လိမ္ညာမႈတစ္ခုက ယူမီကို ၿပီးျပည့္စုံၿပီးလူတိုင္းကိုဦးေဆာင္ေနတဲ့ Anna ဆိုတဲ့အမ်ိဳးသမီးအျဖစ္ေျပာင္းလဲသြားေစခဲ့ပါတယ္။ Trailer မွာေတာ့ “တစ္စုံတစ္ခုကိုတကယ္လိုခ်င္တာလား မလိုခ်င္တာလားဆိုတာ မင္းသိလား” ဆိုတဲ့ Suzy ရဲ႕ေျပာစကားနဲ႔အစခ်ီထားပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ ယူမီကေန Anna ျဖစ္တဲ့အထိျပန္လည္ၾကည့္ရင္ အျခားေသာဇာတ္ေကာင္ေတြျဖစ္တဲ့ Jung Eun Chae ၊ Kim Jun Han နဲ႔ Park Ye Young တို႔ကလည္း ပါဝင္ေနပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဇြန္လ(၂၄)ရက္ေန႔ကစတင္ထုတ္လႊင့္မွာ ျဖစ္ပါတယ္။