D.O ရဲ့ဒရမ်မာရိုက်ကွင်းကို ကော်ဖီကားပို့ခဲ့တဲ့ EXO အဖွဲ့ဝင် Chanyeol

KBS2 ရဲ့ဒရမ်မာဇာတ်လမ်းတွဲသစ်ဖြစ်ပြီး D.O ပါဝင်သရုပ်ဆောင်ထားတဲ့ “Battle of True Swords” ဇာတ်လမ်းတွဲ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေကိုအားပေးဖို့ EXO အဖွဲ့ဝင် Chanyeol ကတော့ ကော်ဖီကားကိုပို့ပေးခဲ့ပါတယ်။ ထရပ်ကားကိုပို့ဆောင်ပေးတဲ့ကုမ္ပဏီကတော့ Chanyeol တောင်းဆိုထားသလို D.O ရဲ့ပုံရိပ်တွေနဲ့ပြင်ဆင်ထားတာကို ပြသခဲ့ပါတယ်။

Chanyeol ကတော့ ကားပေါ်မှာ “ကျွန်တော်ကတော့ “Battle of True Swords” ရဲ့ရိုက်ကူးရေးဝန်ထမ်းတွေနဲ့ သရုပ်ဆောင်တွေကိုအားပေးနေတယ်။ Kyungsoo ကြိုးစားပါ။ အခုလိုပူပြင်းတဲ့ရာသီမှာ အလုပ်ကြိုးစားတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေပျော်ရွှင်စွာသုံးဆောင်ပါ။ ကျေးဇူးပြုပြီးတော့ Kyungsooကို ဂရုစိုက်ပေးပါ။” လို့ ရေးသားထားပါတယ်။

“Battle of True Swords” ဒရမ်မာကတော့ အားနည်းတဲ့လူတွေအတွက် တရားမျှတမှုရဖို့ကိုကြိုးစားပြီး နိုင်ငံအတွင်းကအကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်မယ့် ခံယူချက်ပြင်းထန်သူရှေ့နေတစ်ဦးရဲ့ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။ D.O. ကိုတော့ ရှေ့နေ Jin Jung အဖြစ်နဲ့တွေ့ရဦးမှာလည်း ဖြစ်ပါတယ်။ Chanyeol ကတော့ လက်ရှိမှာစစ်မှုထမ်းဆောင်နေတာဖြစ်ပြီး စက်တင်ဘာလမှာ တာဝန်ပြီးဆုံးမယ်လို့ မျှော်လင့်ရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x