‘Big Mouse’ ဇာတ်လမ်းတွဲမှာ ရှေ့နေတစ်ယောက်အဖြစ်တွေ့ရမယ့် မင်းသားချော Lee Jong Suk

Posted on

ပရိသတ်အချစ်တော်မင်းသားချော Lee Jong Suk ကတော့ စစ်မှုထမ်းပြီးနောက် ရုပ်သံဇာတ်လမ်းတွဲအသစ်နဲ့ပရိသတ်တွေဆီကိုပြန်လာတော့မှာပါ။ ဇာတ်လမ်းတွဲနာမည်ကတော့ ‘Big Mouse’ ဖြစ်ပြီးဒီဇာတ်လမ်းမှာ ရှေ့နေတစ်ယောက်အဖြစ်ပါဝင်ထားတာပါ။


သူကတော့ ဒီဇာတ်လမ်းတွဲမှာ အမှုလိုက်ရာမှာအောင်မြင်မှုနှုန်းနည်းတဲ့ရှေ့နေPark Chang Ho အဖြစ်နဲ့လူသိများတဲ့သူပါ။ သူကတော့ စကားကြီးလေကျယ်ပြောတတ်ပေမယ့် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်ရာမှာတော့ အားနည်းတဲ့သူ တစ်ယောက်ပါ။ သူ့ရဲ့ရုံးခန်းခကိုပေးဆောင်ဖို့စိတ်ပူပန်နေစဉ်မှာ သူ့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် လူသတ်မှုကြီးတစ်ခုကိုကိုင်တွယ်ဖို့ဖြစ်လာခဲ့တာပါ။


ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ပုံရိပ်တွေပေါ်လာချိန်မှာတော့ Lee Jong Suk ဟာ ဥပဒေရုံးကိုဦးဆောင်တဲ့ သန့်ပြန့်စတိုင်ကျနေတဲ့ရှေ့နေတစ်ယောက် အဖြစ်မြင်ရပြီးနောက်ထပ်ပုံတွေမှာတော့ အကျဉ်းသားတစ်ယောက်ရဲ့ဝတ်စုံကိုဝတ်ဆင်ထားတာကို တွေ့မြင်ရတာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ Lee Jong Suk အတွက် သရုပ်ဆောင်နယ်ပယ်မှာ ပြောင်းလဲမှုတစ်ခုအနေနဲ့တွေ့ရမယ့်ဇာတ်ရုပ်ဖြစ်နိုင်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

‘Big Mouse’ ဇာတ္လမ္းတြဲမွာ ေရွ႕ေနတစ္ေယာက္အျဖစ္ေတြ႕ရမယ့္ မင္းသားေခ်ာ Lee Jong Suk
ပရိသတ္အခ်စ္ေတာ္မင္းသားေခ်ာ Lee Jong Suk ကေတာ့ စစ္မႈထမ္းၿပီးေနာက္ ႐ုပ္သံဇာတ္လမ္းတြဲအသစ္နဲ႔ပရိသတ္ေတြဆီကိုျပန္လာေတာ့မွာပါ။ ဇာတ္လမ္းတြဲနာမည္ကေတာ့ ‘Big Mouse’ ျဖစ္ၿပီးဒီဇာတ္လမ္းမွာ ေရွ႕ေနတစ္ေယာက္အျဖစ္ပါဝင္ထားတာပါ။


သူကေတာ့ ဒီဇာတ္လမ္းတြဲမွာ အမႈလိုက္ရာမွာေအာင္ျမင္မႈႏႈန္းနည္းတဲ့ေရွ႕ေနPark Chang Ho အျဖစ္နဲ႔လူသိမ်ားတဲ့သူပါ။ သူကေတာ့ စကားႀကီးေလက်ယ္ေျပာတတ္ေပမယ့္ အမွန္တကယ္လုပ္ကိုင္ေဆာင္႐ြက္ရာမွာေတာ့ အားနည္းတဲ့သူ တစ္ေယာက္ပါ။ သူ႔ရဲ႕႐ုံးခန္းခကိုေပးေဆာင္ဖို႔စိတ္ပူပန္ေနစဥ္မွာ သူ႔ဘဝကိုေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေစမယ့္ လူသတ္မႈႀကီးတစ္ခုကိုကိုင္တြယ္ဖို႔ျဖစ္လာခဲ့တာပါ။
ဒီဇာတ္လမ္းတြဲနဲ႔ပတ္သက္တဲ့ပုံရိပ္ေတြေပၚလာခ်ိန္မွာေတာ့ Lee Jong Suk ဟာ ဥပေဒ႐ုံးကိုဦးေဆာင္တဲ့ သန႔္ျပန႔္စတိုင္က်ေနတဲ့ေရွ႕ေနတစ္ေယာက္ အျဖစ္ျမင္ရၿပီးေနာက္ထပ္ပုံေတြမွာေတာ့ အက်ဥ္းသားတစ္ေယာက္ရဲ႕ဝတ္စုံကိုဝတ္ဆင္ထားတာကို ေတြ႕ျမင္ရတာပါ။ ဒီဇာတ္လမ္းတြဲမွာေတာ့ Lee Jong Suk အတြက္ သ႐ုပ္ေဆာင္နယ္ပယ္မွာ ေျပာင္းလဲမႈတစ္ခုအေနနဲ႔ေတြ႕ရမယ့္ဇာတ္႐ုပ္ျဖစ္ႏိုင္ပါတယ္။