အသေးစိတ်သတင်းများ ထပ်မံထွက်ပေါ်လာခဲ့တဲ့မင်းသမီး Jang Na Ra ရဲ့မင်္ဂလာပွဲ

Posted on

“ရွေးနီမလေးရဲ့ချစ်ပုံပြင်” ဇာတ်ကားကနေစပြီး ပရိသတ်တွေချစ်ရတဲ့ မင်းသမီး Jang Na Ra ကတော့ သူ့ရဲ့မင်္ဂလာသတင်းကို ပရိတသတ်တွေကို အသိပေးခဲ့ပြီးပါပြီ။ ခင်ပွန်းလောင်းဖြစ်သူကတော့ ဆယ်လီတစ်ယောက်မဟုတ်တဲ့သာမန်လူတစ်ယောက်ဆိုတာကိုလည်း ပရိသတ်တွေကို အသိပေးထားတာပါ။


မင်္ဂလာပွဲမတိုင်ခင်(၁၀)ရက်အကြိုမှာတော့ မင်္ဂလာဖိတ်စာကထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေကစိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ မင်းသမီးကတော့ သူ့ထက်ခြောက်နှစ်ငယ်တဲ့ခင်ပွန်းလောင်းဖြစ်သူနဲ့ ဆိုးလ်မြို့မှာရှိတဲ့ Bonelli ဥယျာဉ်မှာ ဇွန်လ(၂၆) ရက်နေ့မှာ လက်ထပ်ပွဲကျင်းပမှာ ဖြစ်ပါတယ်။ မင်းသမီးချောလေးကတော့ အချစ်ရဆုံးသူနဲ့အတူလက်ချင်းချိတ်ပြီးလက်ထပ်ပွဲဆင်နွဲမယ့်ပုံရိပ်ကို ပရိသတ်တွေကရင်ခုန်နေပါပြီ။


မင်းသမီးကတော့ ခင်ပွန်းလောင်းဖြစ်သူနဲ့ VIP ဇာတ်ကားရိုက်ကူးရာမှာဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းလောင်းကတော့ ကင်မရာဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဆယ်လီမဟုတ်တဲ့သာမန်လူတစ်ယောက်ဖြစ်တာကြောင့် မင်္ဂလာပွဲကိုသီးသန့်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
Zawgyiဖြင့်ဖတ်ရန်




