Good Data Corporation အပတ်စဉ်ဖော်ပြချက်စာရင်းတွေအရ ရေပန်းအစားဆုံးဒရမ်မာစာရင်းမှ Our Blues ဇာတ်လမ်းတွဲကတော့ နံပါတ်တစ်နေရာမှာရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ချက်တွေကတော့ လက်ရှိပြသနေတဲ့ဒရမ်မာတွေနဲ့မကြာခင်ပြသတော့မယ့်ဒရမ်မာတွေနဲ့ပတ်သက်ပြီး အွန်လိုင်းအသုံးပြုသူတွေကြား သတင်း၊ဘလော့၊ ဗီဒီယိုနဲ့လူမှုကွန်ရက်တွေကအချက်အလက်တွေကိုကောက်ခံပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။
Our Blues ဇာတ်လမ်းတွဲကအောင်မြင်ခဲ့တာကြောင့် ရေပန်းအစားဆုံးဒရမ်မာဇာတ်လမ်းတွဲနေရာမှာရပ်တည်နေရုံတင်မက ပါဝင်ထားတဲ့သရုပ်ဆောင် Lee Byung Hun နဲ့ Kim Hye Ja တို့ကလည်း နံပါတ်နှစ်နဲ့သုံးနေရာမှာအသီးသီးရှိနေကြပါတယ်။ ပရိသတ်တွေကြားနာမည်ကြီးတဲ့အချစ်ဒရမ်မာကားလေးဖြစ်တဲ့ Why Her ရဲ့ဇာတ်ဆောင်မင်းသမီး Seo Hyun Jin ကတော့ နံပါတ်တစ်နေရာမှာထပ်မံရပ်တည်နေပြီး တွဲဖက်မင်းသား Hwang In Yeop ကတော့ နံပါတ်(၈)နေရာမှာဆက်လက်ရှိနေပါတယ်။ Why Her ဇာတ်လမ်းတွဲကတော့ ရေပန်းစားမှုမှာ နံပါတ်(၂)နေရာမှာရှိနေပါတယ်။
အခုသီတင်းပတ်တွေကတော့ ပရိသတ်တွေအကြိုက်တွေ့မယ့်ဇာတ်ကားကောင်းတွေ ထုတ်လွှင့်နေတယ်လို့ ဆိုရမှာပါ။ ပရိသတ်တွေကြားနာမည်ကြီးပြီး ရေပန်းစားမှုနေရာနံပါတ်(၅)မှာရှိနေတဲ့ Eve ဇာတ်လမ်းတွဲရဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Seo Ye Ji နဲ့ Park Byung Eun တို့ကတော့ နံပါတ်(၄) နဲ့ (၅) မှာရှိနေပြန်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ေရပန္းအစားဆုံးေနရာမွာရွိေနတဲ့ Our Blues ဇာတ္လမ္းတြဲနဲ႔ သ႐ုပ္ေဆာင္စာရင္းမွာ နံပါတ္တစ္ေနရာကိုထိန္းသိမ္းထားဆဲ Seo Hyun Jin
Good Data Corporation အပတ္စဥ္ေဖာ္ျပခ်က္စာရင္းေတြအရ ေရပန္းအစားဆုံးဒရမ္မာစာရင္းမွ Our Blues ဇာတ္လမ္းတြဲကေတာ့ နံပါတ္တစ္ေနရာမွာရွိေနဆဲ ျဖစ္ပါတယ္။ ဒီလိုသတ္မွတ္ခ်က္ေတြကေတာ့ လက္ရွိျပသေနတဲ့ဒရမ္မာေတြနဲ႔မၾကာခင္ျပသေတာ့မယ့္ဒရမ္မာေတြနဲ႔ပတ္သက္ၿပီး အြန္လိုင္းအသုံးျပဳသူေတြၾကား သတင္း၊ဘေလာ့၊ ဗီဒီယိုနဲ႔လူမႈကြန္ရက္ေတြကအခ်က္အလက္ေတြကိုေကာက္ခံၿပီး ဆုံးျဖတ္တာျဖစ္ပါတယ္။
Our Blues ဇာတ္လမ္းတြဲကေအာင္ျမင္ခဲ့တာေၾကာင့္ ေရပန္းအစားဆုံးဒရမ္မာဇာတ္လမ္းတြဲေနရာမွာရပ္တည္ေန႐ုံတင္မက ပါဝင္ထားတဲ့သ႐ုပ္ေဆာင္ Lee Byung Hun နဲ႔ Kim Hye Ja တို႔ကလည္း နံပါတ္ႏွစ္နဲ႔သုံးေနရာမွာအသီးသီးရွိေနၾကပါတယ္။ ပရိသတ္ေတြၾကားနာမည္ႀကီးတဲ့အခ်စ္ဒရမ္မာကားေလးျဖစ္တဲ့ Why Her ရဲ႕ဇာတ္ေဆာင္မင္းသမီး Seo Hyun Jin ကေတာ့ နံပါတ္တစ္ေနရာမွာထပ္မံရပ္တည္ေနၿပီး တြဲဖက္မင္းသား Hwang In Yeop ကေတာ့ နံပါတ္(၈)ေနရာမွာဆက္လက္ရွိေနပါတယ္။ Why Her ဇာတ္လမ္းတြဲကေတာ့ ေရပန္းစားမႈမွာ နံပါတ္(၂)ေနရာမွာရွိေနပါတယ္။
အခုသီတင္းပတ္ေတြကေတာ့ ပရိသတ္ေတြအႀကိဳက္ေတြ႕မယ့္ဇာတ္ကားေကာင္းေတြ ထုတ္လႊင့္ေနတယ္လို႔ ဆိုရမွာပါ။ ပရိသတ္ေတြၾကားနာမည္ႀကီးၿပီး ေရပန္းစားမႈေနရာနံပါတ္(၅)မွာရွိေနတဲ့ Eve ဇာတ္လမ္းတြဲရဲ႕သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Seo Ye Ji နဲ႔ Park Byung Eun တို႔ကေတာ့ နံပါတ္(၄) နဲ႔ (၅) မွာရွိေနျပန္ပါတယ္။