Blackpink အဖွဲ့ဝင် Jennie ကတော့ HBO စီးရီးတစ်ခုဖြစ်တဲ့ The Idol မှာပါဝင်ဖို့အတွက် ဆွေးနွေးနေတယ်လို့သိရပါတယ်။ ဒီစီးရီးကတော့ The Weeknd ၊ Sam Levinson နဲ့ Reza Fahim တို့ဖန်တီးထားတဲ့စီးရီးတစ်ခုလည်း ဖြစ်ပါတယ်။
The Idol စီးရီးကတော့ အမျိုးသမီးပေါပ့်အဆိုတော်တစ်ယောက်ဟာ လျှို့ဝှက်တဲ့ကလပ်ပိုင်ရှင်တစ်ယောက်နဲ့ချစ်ကြိုက်ပြီးတဲ့နောက် လျှို့ဝှက်တဲ့ဘာသာရေးခေါင်းဆောင် တစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အကြောင်းပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းကိုဖန်တီးတဲ့ The Weeknd ကိုယ်တိုင်ကတော့ပါဝင်သရုပ်ဆောင်ထားပြီး Lily-Rose Depp နဲ့ Troye Sivan တို့လည်း ပါဝင်ထားပါသေးတယ်။ ဒီစီးရီးမှာတော့ Jennie ဟာ cameo အနေနဲ့ဒါမှမဟုတ် ဇာတ်ကောင်ငယ်တစ်ခုနဲ့ ပါဝင်လာနိုင်ပါတယ်။
မနှစ်ကတော့ Jennie ကို The Weeknd နဲ့အတူစားသောက်ဆိုင်မှာတွေ့ရတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ ဒါကြောင့်လည်း Collaboration တစ်ခုထွက်လာမယ်ဆိုပြီး ခန့်မှန်းနေကြတာပါ။ အခုထွက်ပေါ်လာတဲ့သတင်းတွေအရ သူတို့နှစ်ဦးကို စီးရီးတစ်ခုမှာအတူတွေ့ရမယ့်ပုံပါပဲ။ အိုင်ဒေါ Jennie ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့တွေ့ရမှာကြောင့် ရင်ခုန်နေကြပြီလားပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်
The Weeknd ပါဝင္တဲ့ HBO စီးရီးတစ္ခုမွာ သ႐ုပ္ေဆာင္ဖို႔ေဆြးေႏြးေနတဲ့ Jennie
Blackpink အဖြဲ႕ဝင္ Jennie ကေတာ့ HBO စီးရီးတစ္ခုျဖစ္တဲ့ The Idol မွာပါဝင္ဖို႔အတြက္ ေဆြးေႏြးေနတယ္လို႔သိရပါတယ္။ ဒီစီးရီးကေတာ့ The Weeknd ၊ Sam Levinson နဲ႔ Reza Fahim တို႔ဖန္တီးထားတဲ့စီးရီးတစ္ခုလည္း ျဖစ္ပါတယ္။
The Idol စီးရီးကေတာ့ အမ်ိဳးသမီးေပါပ့္အဆိုေတာ္တစ္ေယာက္ဟာ လွ်ိဳ႕ဝွက္တဲ့ကလပ္ပိုင္ရွင္တစ္ေယာက္နဲ႔ခ်စ္ႀကိဳက္ၿပီးတဲ့ေနာက္ လွ်ိဳ႕ဝွက္တဲ့ဘာသာေရးေခါင္းေဆာင္ တစ္ေယာက္အျဖစ္ေျပာင္းလဲသြားတဲ့အေၾကာင္းပုံေဖာ္ထားတာပါ။ ဒီဇာတ္လမ္းကိုဖန္တီးတဲ့ The Weeknd ကိုယ္တိုင္ကေတာ့ပါဝင္သ႐ုပ္ေဆာင္ထားၿပီး Lily-Rose Depp နဲ႔ Troye Sivan တို႔လည္း ပါဝင္ထားပါေသးတယ္။ ဒီစီးရီးမွာေတာ့ Jennie ဟာ cameo အေနနဲ႔ဒါမွမဟုတ္ ဇာတ္ေကာင္ငယ္တစ္ခုနဲ႔ ပါဝင္လာႏိုင္ပါတယ္။
မႏွစ္ကေတာ့ Jennie ကို The Weeknd နဲ႔အတူစားေသာက္ဆိုင္မွာေတြ႕ရတယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာခဲ့တာပါ။ ဒါေၾကာင့္လည္း Collaboration တစ္ခုထြက္လာမယ္ဆိုၿပီး ခန႔္မွန္းေနၾကတာပါ။ အခုထြက္ေပၚလာတဲ့သတင္းေတြအရ သူတို႔ႏွစ္ဦးကို စီးရီးတစ္ခုမွာအတူေတြ႕ရမယ့္ပုံပါပဲ။ အိုင္ေဒါ Jennie ကို သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ေတြ႕ရမွာေၾကာင့္ ရင္ခုန္ေနၾကၿပီလားပရိသတ္ႀကီးေရ။