Park Hae Jin တစ်ယောက်လက်ထပ်တော့မှာလား

Posted on

Park Hae Jin ကိုတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ အနုပညာသက်တမ်းဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီး အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ From Now On, Showtime ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပြီးသွားတာပါ။ ဒီဇာတ်လမ်းမှာတော့ သရဲတွေကိုမြင်တွေ့နိုင်တဲ့ မှော်ဆရာတစ်ယောက်နေရာကပါဝင်သရုပ်ဆောင်ထားတာပါ။


Park Hae Jin သူ့ရဲ့အလုပ်နဲ့ဘဝအကြောင်းကို အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။ သူကတော့ လက်ရှိမှာ အသက်(၄၀)ရှိနေပါပြီ။ Park Hae Jin ကတော့ အသက်(၃၀)နှောင်းပိုင်းမှာ လက်ထပ်ပြီးကလေးတွေကိုပြုစုပျိုးထောင်မယ်လို့ ရည်ရွယ်ခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ အမေနဲ့ညီမဖြစ်သူတို့နဲ့အတူနေထိုင်ပြီး တူလေးနှစ်ယောက်နဲ့နေထိုင်ရတာပျော်ရွှင်တယ်လို့လည်း ဆိုပါတယ်။


မင်းသားကတော့ မိသားတစ်ခုတည်ထောင်ဖို့ရည်ရွယ်ချက်မရှိသေးသော်လည်း အသက်(၅၀)မတိုင်ခင်မှာ ဘဝကိုအခြေတကျဖြစ်ဖို့မျှော်လင့်တယ်လို့ ဆိုပါတယ်။ မျှော်လင့်ထားတဲ့အရွယ်မှာအိမ်ထောင်ပြုဖို့အတွက် အချိန်ကိုက်မဖြစ်ခဲ့သော်လည်း မျှော်လင့်ထားပုံပါပဲ။ သရုပ်ဆောင်ပိုင်းမှာ အာရှမှာအသိအမှတ်ပြုခံရပြီးနောက် မြောက်အမေရိကထိုးဖောက်ဖို့အတွက်ကြိုးစားနေတယ်လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



