2022 Blue Dragon Awards မှာ မျက်နှာသစ်ဆုအတွက် ဆန်ကာတင်စာရင်းမှာပါဝင်လာတဲ့ Jisoo

Posted on

Jisoo ရဲ့ပွဲဦးထွက်ဒရမ်မာဇာတ်လမ်းတွဲက ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကတော့ ဆန်ကာတင်စာရင်းထဲမှာပါဝင်ဖို့ဖြစ်လာခဲ့ပါပြီ။ မကြာသေးခင်ကတော့ 2022 Blue Dragon Awards ရဲ့ အကောင်းဆုံးမျက်နှာသစ်မင်းသမီး ဆုအတွက်ဆန်ကာတင်စာရင်းဝင်ကြောင်း ကြောညာထားတာလည်း ဖြစ်ပါတယ်။ Jisoo ကတော့ Snowdrop ဇာတ်လမ်းတွဲမှာ အန်းယောင်းရိုဆိုတဲ့ဇာတ်ရုပ်နဲ့ပါဝင်သရုပ်ဆောင်ထားတာပါ။


Blue Dragon Awards ကတော့ တောင်ကိုရီးယားမှာ ပေါ်ပြူလာအဖြစ်ဆုံးရုပ်ရှင်ဆုပေးပွဲတွေထဲကတစ်ခုဖြစ်ပြီး ဒီနှစ်မှာတော့ ပထမဆုံးအနေနဲ့ဒရမ်မာဇာတ်လမ်းတွေအတွက်လည်း ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။Blue Dragon Series Awards ကိုတော့ ဇူလိုင်လ(၁၉)ရက်မှာIncheon Paradise Hotel မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ Jisoo ကတော့ ဇာတ်လမ်းတွဲတွေမှာ Cameo အဖြစ်သရုပ်ဆောင်ပြီးနောက် Snowdrop ဇာတ်လမ်းတွဲမှာ အမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်ထားတာလ်ည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ Jisoo ၊ Jung Hae In၊ Kim Min Kyu ၊Yoo In Na နဲ့ Kim Hye Yoon စတဲ့နာမည်ကြီးတွေများစွာပါဝင်ထားတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ထုတ်လွှင့်နေစဉ်မှာ အငြင်းပွားမှုတွေကြုံတွေ့ရပေမဲ့ကောင်းမွန်စွာကျော်လွှားနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Blue Dragon Series Awards မှာ အကောင်းဆုံးဒရမ်မာဇာတ်လမ်းတွဲဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ထားပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်

2022 Blue Dragon Awards မွာ မ်က္ႏွာသစ္ဆုအတြက္ ဆန္ကာတင္စာရင္းမွာပါဝင္လာတဲ့ Jisoo
Jisoo ရဲ႕ပြဲဦးထြက္ဒရမ္မာဇာတ္လမ္းတြဲက ေကာင္းမြန္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြကေတာ့ ဆန္ကာတင္စာရင္းထဲမွာပါဝင္ဖို႔ျဖစ္လာခဲ့ပါၿပီ။ မၾကာေသးခင္ကေတာ့ 2022 Blue Dragon Awards ရဲ႕ အေကာင္းဆုံးမ်က္ႏွာသစ္မင္းသမီး ဆုအတြက္ဆန္ကာတင္စာရင္းဝင္ေၾကာင္း ေၾကာညာထားတာလည္း ျဖစ္ပါတယ္။ Jisoo ကေတာ့ Snowdrop ဇာတ္လမ္းတြဲမွာ အန္းေယာင္း႐ိုဆိုတဲ့ဇာတ္႐ုပ္နဲ႔ပါဝင္သ႐ုပ္ေဆာင္ထားတာပါ။


Blue Dragon Awards ကေတာ့ ေတာင္ကိုရီးယားမွာ ေပၚျပဴလာအျဖစ္ဆုံး႐ုပ္ရွင္ဆုေပးပြဲေတြထဲကတစ္ခုျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ပထမဆုံးအေနနဲ႔ဒရမ္မာဇာတ္လမ္းေတြအတြက္လည္း ဆုခ်ီးျမႇင့္သြားမွာျဖစ္ပါတယ္။Blue Dragon Series Awards ကိုေတာ့ ဇူလိုင္လ(၁၉)ရက္မွာIncheon Paradise Hotel မွာ က်င္းပသြားမယ္လို႔ သိရပါတယ္။ Jisoo ကေတာ့ ဇာတ္လမ္းတြဲေတြမွာ Cameo အျဖစ္သ႐ုပ္ေဆာင္ၿပီးေနာက္ Snowdrop ဇာတ္လမ္းတြဲမွာ အမ်ိဳးသမီးဇာတ္ေဆာင္အျဖစ္ ပါဝင္ထားတာလ္ည္း ျဖစ္ပါတယ္။
ဒီဇာတ္လမ္းတြဲမွာေတာ့ Jisoo ၊ Jung Hae In၊ Kim Min Kyu ၊Yoo In Na နဲ႔ Kim Hye Yoon စတဲ့နာမည္ႀကီးေတြမ်ားစြာပါဝင္ထားတာလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ထုတ္လႊင့္ေနစဥ္မွာ အျငင္းပြားမႈေတြႀကဳံေတြ႕ရေပမဲ့ေကာင္းမြန္စြာေက်ာ္လႊားႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Blue Dragon Series Awards မွာ အေကာင္းဆုံးဒရမ္မာဇာတ္လမ္းတြဲဆုအတြက္လည္း ဆန္ကာတင္စာရင္းဝင္ထားပါေသးတယ္။