Shooting Stars’ဒရမ်မာရဲ့ဆိုးဝါးတဲ့ကြည့်ရှုနှုန်းတွေရရှိခဲ့တဲ့အပေါ် ရိုးသားစွာပြောပြာလာတဲ့ Kim Young Dae

Posted on

မကြာသေးခင်ကပြသပြီးစီးခဲ့တဲ့ဇာတ်ကားတွေထဲမှာ Shooting Stars ဇာတ်လမ်းတွဲလည်း ပါဝင်နေတာဖြစ်ပြီး ပရိသတ်တွေကြိုက်တဲ့သရုပ်ဆောင်တွေပါဝင်ပေမဲ့ ကြည့်ရှုနှုန်းကအလွန်နည်းနေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့မင်းသား Kim Young Dae ကတော့ အင်တာဗျူးမှာသူ့ရဲ့အတွေးကိုရိုးသားစွာမျှဝေခဲ့ပါတယ်။


ဒီဒရမ်မာကားကတော့ နိုင်ငံအတွင်းမှာကြည့်ရှုနှုန်း (၁.၁၆%) ပဲ ရရှိခဲ့တာဖြစ်တယ်လို့ Nielsen Korea ကဖော်ပြထားပါတယ်။ မင်းသား Kim Young Dae ကတော့ ကြည့်ရှုနှုန်းကျဆင်းတာကြောင့် ပထမတော့အံ့သြခဲ့ရပေမဲ့ ဒါကအရာရာမဟုတ်ဘူးဆိုတာကိုသိခဲ့ရတယ်လို့ဆိုပါတယ်။ မင်းသားကတော့ Shooting Stars ပြသနေတုန်းမှာထိုင်းနိုင်ငံကိုရိုက်ကူးရေးအတွက်သွားရောက်ခဲ့ရတာဖြစ်ပြီးလူအယောက်(၁၀၀)လောက်ကစောင့်ဆိုင်းနေကြတာပါ။ မဂ္ဂဇင်းကစီစဉ်ထားတာလို့ ထင်ခဲ့ပေမဲ့ Shooting Stars လို့သူတို့ကခေါ်ခဲ့ကြတာပါ။


မင်းသားကတော့ ကြည့်ရှုနှုန်းကိုမကြည့်ဘဲနဲ့အားပေးတဲ့ပရိသတ်တွေရှိတာကြောင့် ဒီအပေါ်မှာသိပ်မတွေးဖြစ်တော့ဘဲနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ Shooting Stars ဇာတ်လမ်းတွဲကတော့ ထိပ်တန်းကြယ်ပွင့်တစ်ယောက်နဲ့ PR အဖွဲ့ခေါင်းဆောင်အမျိုးသမီးတို့ကြားကအချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Shooting Stars’ဒရမ္မာရဲ႕ဆိုးဝါးတဲ့ၾကည့္ရႈႏႈန္းေတြရရွိခဲ့တဲ့အေပၚ ႐ိုးသားစြာေျပာျပာလာတဲ့ Kim Young Dae
မၾကာေသးခင္ကျပသၿပီးစီးခဲ့တဲ့ဇာတ္ကားေတြထဲမွာ Shooting Stars ဇာတ္လမ္းတြဲလည္း ပါဝင္ေနတာျဖစ္ၿပီး ပရိသတ္ေတြႀကိဳက္တဲ့သ႐ုပ္ေဆာင္ေတြပါဝင္ေပမဲ့ ၾကည့္ရႈႏႈန္းကအလြန္နည္းေနတာလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕အဓိကဇာတ္ေဆာင္ျဖစ္တဲ့မင္းသား Kim Young Dae ကေတာ့ အင္တာဗ်ဴးမွာသူ႔ရဲ႕အေတြးကို႐ိုးသားစြာမွ်ေဝခဲ့ပါတယ္။


ဒီဒရမ္မာကားကေတာ့ ႏိုင္ငံအတြင္းမွာၾကည့္ရႈႏႈန္း (၁.၁၆%) ပဲ ရရွိခဲ့တာျဖစ္တယ္လို႔ Nielsen Korea ကေဖာ္ျပထားပါတယ္။ မင္းသား Kim Young Dae ကေတာ့ ၾကည့္ရႈႏႈန္းက်ဆင္းတာေၾကာင့္ ပထမေတာ့အံ့ၾသခဲ့ရေပမဲ့ ဒါကအရာရာမဟုတ္ဘူးဆိုတာကိုသိခဲ့ရတယ္လို႔ဆိုပါတယ္။ မင္းသားကေတာ့ Shooting Stars ျပသေနတုန္းမွာထိုင္းႏိုင္ငံကို႐ိုက္ကူးေရးအတြက္သြားေရာက္ခဲ့ရတာျဖစ္ၿပီးလူအေယာက္(၁၀၀)ေလာက္ကေစာင့္ဆိုင္းေနၾကတာပါ။ မဂၢဇင္းကစီစဥ္ထားတာလို႔ ထင္ခဲ့ေပမဲ့ Shooting Stars လို႔သူတို႔ကေခၚခဲ့ၾကတာပါ။
မင္းသားကေတာ့ ၾကည့္ရႈႏႈန္းကိုမၾကည့္ဘဲနဲ႔အားေပးတဲ့ပရိသတ္ေတြရွိတာေၾကာင့္ ဒီအေပၚမွာသိပ္မေတြးျဖစ္ေတာ့ဘဲနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ေတြကိုခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။ Shooting Stars ဇာတ္လမ္းတြဲကေတာ့ ထိပ္တန္းၾကယ္ပြင့္တစ္ေယာက္နဲ႔ PR အဖြဲ႕ေခါင္းေဆာင္အမ်ိဳးသမီးတို႔ၾကားကအခ်စ္ဇာတ္လမ္းေလးကို ႐ိုက္ကူးထားတဲ့ အခ်စ္ဟာသဇာတ္ကားေလးပဲျဖစ္ပါတယ္။