ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့ပြီဖြစ်တဲ့ Song Kang Ho နဲ့ IU တို့ပါဝင်ထားတဲ့ Broker ဇာတ်ကား

Posted on

Broker ဇာတ်ကားကတော့ အောင်မြင်မှုတွေတစ်ခုပြီးတစ်ခု ရရှိနေတာဖြစ်ပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ဆုတွေရရှိပြီးနောက်အခုဆိုရင်တောင်ကိုရီးယားနိုင်ငံမှာတင်မက အခြားနိုင်ငံတွေမှာပါ ပရိသတ်တွေကို ဖမ်းစားထားနိုင်နေတာ ဖြစ်ပါတယ်။

Broker ဇာတ်ကားကိုတော့ ဇွန်လ(၈)ရက်နေ့မှာရုံတင်ခဲ့တာဖြစ်ပြီး ဇွန်လ(၁၈)ရက်နေ့ မှာတော့ ကြည့်ရှုသူတစ်သန်းကျော်သွားပြီ ဖြစ်ပါတယ်။ အခုလိုအားပေးမှုအတွက် Song Kang Ho ၊ IU ၊ Kang Dong Woon ၊ Lee Joo Young နဲ့ ဒါရိုက်တာတို့ကတော့ ပရိသတ်တွေရဲ့အားပေးမှုအတွက် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ လက်မှတ်ကိုကြိုတင်မှာယူမှုများခဲ့ပြီး Jurassic World: Dominion နဲ့ The Roundup တို့လိုဟောလိဝုဒ်ဇာတ်ကားတွေထက်ကျော်လွန်ခဲ့ပါတယ်။

ဒီဇာတ်ကားကတော့ မိခင်ဖြစ်သူဟာ ခက်ခဲတဲ့အခြေအနေကြောင့် ကလေးငယ်ကိုသေတ္တာထဲမှာ ထားခဲ့ဖို့တွန်းအားပေးခံရတဲ့အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ ခက်ခဲတဲ့အခြေအနေမှာဆုံးဖြတ်ချက်ချခဲ့ရတဲ့ ငယ်ရွယ်တဲ့မိခင်တစ်ယောက်ရဲ့ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Broker ကိုတော့ နိုင်ငံပေါင်းများစွာမှာ ပြသသွားမှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့ပြီဖြစ်တဲ့ Song Kang Ho နဲ့ IU တို့ပါဝင်ထားတဲ့ Broker ဇာတ်ကား