ကျောင်းတွင်းအနိုင်ကျင့်မှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Nam Joo Hyuk

Posted on

Nam Joo Hyuk ကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားနာမည်ရမင်းသားတစ်လက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ခဲ့သူပါ။ သူကတော့ Weightlifting Fairy Kim Bok-joo (2016) ဆိုတဲ့ဇာတ်လမ်းတွဲနဲ့လူသိများလာခဲ့ပြီး မကြာသေးခင်က Twenty-Five Twenty-One (2022) ဆိုတဲ့ ဇာတ်လမ်းတွဲထွက်ရှိထားပါသေးတယ်။


လက်ရှိမှာတော့ Nam Joo Hyuk ကိုကျောင်းတွင်းအနိုင်ကျင့်မှုလုပ်ခဲ့တယ်လို့ စွပ်စွဲထားတာပဲ ဖြစ်ပါတယ်။ အမည်မဖော်လိုသူတစ်ယောက်ကတော့ Nam Joo Hyuk ဟာ အလယ်တန်းနဲ့အထက်တန်း(၆)နှစ်လုံးမှာ ကျောင်းတွင်းအနိုင်ကျင့်မှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။ သက်သေအနေနဲ့ နှစ်ချုပ်စာအုပ်တစ်ခုကိုပြခဲ့ပြီး မင်းသားဟာအခြားအတန်းဖော်တွေကို ရိုက်နှက်တာ ငွေတွေယူတာစတဲ့အနိုင်ကျင့်မှုမျိုးတွေကို ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မင်းသားကသူ့ကိုလည်းအနိုင်ကျင့်မှုတွေလုပ်ခဲ့တယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။


Nam Joo Hyuk ရဲ့အနိုင်ကျင့်မှုကြောင့် လက်ရှိမှာ စိတ်ရောဂါကုဆရာဝန်တွေနဲ့ပြသရတဲ့သူတွေရှိပြီး သူ့ရဲ့ကျော်ကြားမှုကြောင့် တီဗီကြည့်တာကိုရှောင်ကြဉ်နေကြတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုထုတ်ဖော်သူကတော့ အကျိုးတစ်စုံတစ်ရာရလိုတာမဟုတ်ဘဲ သူ့လိုမျိုးအနိုင်ကျင့်ခံရသူတွေကို ကူညီလိုတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ေက်ာင္းတြင္းအႏိုင္က်င့္မႈေတြလုပ္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ Nam Joo Hyuk
Nam Joo Hyuk ကေတာ့ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားနာမည္ရမင္းသားတစ္လက္ျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္လမ္းတြဲမ်ားစြာမွာ ပါဝင္ခဲ့သူပါ။ သူကေတာ့ Weightlifting Fairy Kim Bok-joo (2016) ဆိုတဲ့ဇာတ္လမ္းတြဲနဲ႔လူသိမ်ားလာခဲ့ၿပီး မၾကာေသးခင္က Twenty-Five Twenty-One (2022) ဆိုတဲ့ ဇာတ္လမ္းတြဲထြက္ရွိထားပါေသးတယ္။


လက္ရွိမွာေတာ့ Nam Joo Hyuk ကိုေက်ာင္းတြင္းအႏိုင္က်င့္မႈလုပ္ခဲ့တယ္လို႔ စြပ္စြဲထားတာပဲ ျဖစ္ပါတယ္။ အမည္မေဖာ္လိုသူတစ္ေယာက္ကေတာ့ Nam Joo Hyuk ဟာ အလယ္တန္းနဲ႔အထက္တန္း(၆)ႏွစ္လုံးမွာ ေက်ာင္းတြင္းအႏိုင္က်င့္မႈေတြလုပ္ခဲ့တယ္လို႔ဆိုပါတယ္။ သက္ေသအေနနဲ႔ ႏွစ္ခ်ဳပ္စာအုပ္တစ္ခုကိုျပခဲ့ၿပီး မင္းသားဟာအျခားအတန္းေဖာ္ေတြကို ႐ိုက္ႏွက္တာ ေငြေတြယူတာစတဲ့အႏိုင္က်င့္မႈမ်ိဳးေတြကို ျပဳလုပ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ မင္းသားကသူ႔ကိုလည္းအႏိုင္က်င့္မႈေတြလုပ္ခဲ့တယ္လို႔ ေဖာ္ထုတ္ခဲ့ပါတယ္။
Nam Joo Hyuk ရဲ႕အႏိုင္က်င့္မႈေၾကာင့္ လက္ရွိမွာ စိတ္ေရာဂါကုဆရာဝန္ေတြနဲ႔ျပသရတဲ့သူေတြရွိၿပီး သူ႔ရဲ႕ေက်ာ္ၾကားမႈေၾကာင့္ တီဗီၾကည့္တာကိုေရွာင္ၾကဥ္ေနၾကတယ္လို႔ ဆိုပါတယ္။ ဒီသတင္းကိုထုတ္ေဖာ္သူကေတာ့ အက်ိဳးတစ္စုံတစ္ရာရလိုတာမဟုတ္ဘဲ သူ႔လိုမ်ိဳးအႏိုင္က်င့္ခံရသူေတြကို ကူညီလိုတာေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။