Song Hye Kyo နဲ့ Yoo Ah In တို့လိုနာမည်ကြီးတွေရှိတဲ့ အေဂျင်စီနဲ့စာချုပ်ချုပ်ဆိုဖို့ဆွေးနွေးနေတဲ့ Kim Da Mi

Posted on

အရပ်မြင့်မြင့်သေးသေးသွယ်သွယ်နဲ့ချစ်စရာကောင်းတဲ့မင်းသမီးချောလေး Kim Da Mi ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ သူကတော့ ရုပ်ရှင်တစ်ကားဆိုဆိုသလောက် အောင်မြင်သူဖြစ်ပြီးထုတ်လွှင့်ပြသခဲ့တဲ့ Itaewon Clas နဲ့ Our Beloved Summer ဒရမ်မာစီးရီးတွေကလည်း ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။


မင်းသမီးတစ်လက်လည်းဖြစ်သလို မော်ဒယ်လ်တစ်ယောက်လည်းဖြစ်တဲ့ Kim Da Mi ကတော့ နာမည်ကြီးအေဂျင်စီတစ်ခုနဲ့စာချုပ်ချုပ်ဆိုဖို့ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ Kim Da Mi ကတော့ ANDMARQ ဆိုတဲ့အေဂျင်စီနဲ့လမ်းခွဲခဲ့ပြီး United Artist Agency (UAA) နဲ့အလုပ်လုပ်ကိုင်ဖို့ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီအေဂျင်စီကတော့ ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့ Song Hye Kyo နဲ့ မင်းသားYoo Ah In တို့ရှိတဲ့ အေဂျင်စီတစ်ခုလည်း ဖြစ်ပါတယ်။


အနုပညာအရည်အချင်းအပြည့်ရှိတဲ့ Kim Da Mi ကတော့ နာမည်ကြီးအေဂျင်စီနဲ့လက်တွဲပြီးဘယ်လို အနုပညာလှုပ်ရှားမှုတွေထွက်ရှိလာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ Marionette ဆိုတဲ့ဇာတ်ကားနဲ့ (၂၀၁၇)ခုနှစ်မှာပရိသတ်တွေရှေ့ရောက်ရှိလာတဲ့မင်းသမီးKim Da Mi ကတာ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရမယ့်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာဖို့လည်း ထင်ကြေးပေးခံရသူဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Song Hye Kyo နဲ႔ Yoo Ah In တို႔လိုနာမည္ႀကီးေတြရွိတဲ့ ေအဂ်င္စီနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ေဆြးေႏြးေနတဲ့ Kim Da Mi
အရပ္ျမင့္ျမင့္ေသးေသးသြယ္သြယ္နဲ႔ခ်စ္စရာေကာင္းတဲ့မင္းသမီးေခ်ာေလး Kim Da Mi ကိုေတာ့ ပရိသတ္ေတြ သိၾကမွာပါ။ သူကေတာ့ ႐ုပ္ရွင္တစ္ကားဆိုဆိုသေလာက္ ေအာင္ျမင္သူျဖစ္ၿပီးထုတ္လႊင့္ျပသခဲ့တဲ့ Itaewon Clas နဲ႔ Our Beloved Summer ဒရမ္မာစီးရီးေတြကလည္း ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။


မင္းသမီးတစ္လက္လည္းျဖစ္သလို ေမာ္ဒယ္လ္တစ္ေယာက္လည္းျဖစ္တဲ့ Kim Da Mi ကေတာ့ နာမည္ႀကီးေအဂ်င္စီတစ္ခုနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ေဆြးေႏြးေနတာလည္း ျဖစ္ပါတယ္။ Kim Da Mi ကေတာ့ ANDMARQ ဆိုတဲ့ေအဂ်င္စီနဲ႔လမ္းခြဲခဲ့ၿပီး United Artist Agency (UAA) နဲ႔အလုပ္လုပ္ကိုင္ဖို႔ေဆြးေႏြးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒီေအဂ်င္စီကေတာ့ ဒိတ္ဒိတ္ႀကဲနာမည္ႀကီးေတြျဖစ္တဲ့ Song Hye Kyo နဲ႔ မင္းသားYoo Ah In တို႔ရွိတဲ့ ေအဂ်င္စီတစ္ခုလည္း ျဖစ္ပါတယ္။
အႏုပညာအရည္အခ်င္းအျပည့္ရွိတဲ့ Kim Da Mi ကေတာ့ နာမည္ႀကီးေအဂ်င္စီနဲ႔လက္တြဲၿပီးဘယ္လို အႏုပညာလႈပ္ရွားမႈေတြထြက္ရွိလာမလဲဆိုတာ စိတ္ဝင္စားစရာပါ။ Marionette ဆိုတဲ့ဇာတ္ကားနဲ႔ (၂၀၁၇)ခုႏွစ္မွာပရိသတ္ေတြေရွ႕ေရာက္ရွိလာတဲ့မင္းသမီးKim Da Mi ကတာ့ ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြရမယ့္ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္လာဖို႔လည္း ထင္ေၾကးေပးခံရသူျဖစ္ပါတယ္။