Nam Joo Hyuk ဟာ ကျောင်းတွင်းအနိုင်ကျင့်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့တဲ့ Management Soop

Posted on

ပရိသတ်တွေကြားနာမည်ကြီးတဲ့မင်းသားချော Nam Joo Hyukကတော့ အထက်တန်းကျောင်းတက်စဉ်ကအနိုင်ကျင့်မှုတွေလုပ်ခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သူကတော့ အတန်းဖော်တွေကို ရိုက်နှက်တာနဲ့ငွေယူတာတွေလုပ်ခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့သူတွေရှိတယ်ဆိုပြီး သတင်းတွေထွက်လာခဲ့တာပါ။


ဒီသတင်းကြောင့်ပဲဆိုရှယ်မီဒီယာမှာ မင်းသားရဲ့နာမည်ကတော့ လူပြောများလာတာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အေဂျင်စီကတော့ တရားဝင်စာထုတ်ကာတုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ Management Soop အေဂျင်စီကတော့ ဒီလိုမဟုတ်မမှန်သတင်းကို ပြတ်ပြတ်သားသားငြင်းဆိုထားတာဖြစ်ပြီး တရားဥပဒေအရအရေးယူသွားမယ့်အကြောင်းကိုလည်း မျှဝေခဲ့ပါတယ်။


Nam Joo Hyuk ရဲ့သတင်းနဲ့ပတ်သက်ပြီး ပထမဆုံးသတင်းထုတ်ပြန်ခဲ့တဲ့မီဒီယာကိုတရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အနိုင်ကျင့်ခံခဲ့ရတယ်လို့သတင်းပေးခဲ့သူကိုလည်း တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။ Nam Joo Hyuk ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲများစွာနဲ့ပရိသတ်အခိုင်အမာရရှိပြီးသားမင်းသားတစ်လက်ပါ။ သူ့ရဲ့အေဂျင်စီကတော့ အခုဆိုရင်သတင်းတွေနဲ့ပတ်သက်ပြီး တရားဥပဒေရင်ဆိုင်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Nam Joo Hyuk ဟာ ေက်ာင္းတြင္းအႏိုင္က်င့္မႈေတြလုပ္ခဲ့တယ္ဆိုတဲ့သတင္းနဲ႔ပတ္သက္ၿပီး တုံ႔ျပန္ခဲ့တဲ့ Management Soop
ပရိသတ္ေတြၾကားနာမည္ႀကီးတဲ့မင္းသားေခ်ာ Nam Joo Hyukကေတာ့ အထက္တန္းေက်ာင္းတက္စဥ္ကအႏိုင္က်င့္မႈေတြလုပ္ခဲ့တယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ သူကေတာ့ အတန္းေဖာ္ေတြကို ႐ိုက္ႏွက္တာနဲ႔ေငြယူတာေတြလုပ္ခဲ့တာေၾကာင့္ စိတ္ပိုင္းဆိုင္ရာထိခိုက္ခဲ့သူေတြရွိတယ္ဆိုၿပီး သတင္းေတြထြက္လာခဲ့တာပါ။


ဒီသတင္းေၾကာင့္ပဲဆိုရွယ္မီဒီယာမွာ မင္းသားရဲ႕နာမည္ကေတာ့ လူေျပာမ်ားလာတာပဲျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ေအဂ်င္စီကေတာ့ တရားဝင္စာထုတ္ကာတုံ႔ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။ Management Soop ေအဂ်င္စီကေတာ့ ဒီလိုမဟုတ္မမွန္သတင္းကို ျပတ္ျပတ္သားသားျငင္းဆိုထားတာျဖစ္ၿပီး တရားဥပေဒအရအေရးယူသြားမယ့္အေၾကာင္းကိုလည္း မွ်ေဝခဲ့ပါတယ္။
Nam Joo Hyuk ရဲ႕သတင္းနဲ႔ပတ္သက္ၿပီး ပထမဆုံးသတင္းထုတ္ျပန္ခဲ့တဲ့မီဒီယာကိုတရားစြဲဆိုသြားမွာ ျဖစ္တယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ အႏိုင္က်င့္ခံခဲ့ရတယ္လို႔သတင္းေပးခဲ့သူကိုလည္း တရားစြဲဆိုသြားမယ္လို႔ ဆိုပါတယ္။ Nam Joo Hyuk ကေတာ့ ႐ုပ္ရွင္ဇာတ္လမ္းတြဲမ်ားစြာနဲ႔ပရိသတ္အခိုင္အမာရရွိၿပီးသားမင္းသားတစ္လက္ပါ။ သူ႔ရဲ႕ေအဂ်င္စီကေတာ့ အခုဆိုရင္သတင္းေတြနဲ႔ပတ္သက္ၿပီး တရားဥပေဒရင္ဆိုင္သြားမယ္လို႔ ထုတ္ျပန္ေၾကညာလိုက္တာပဲ ျဖစ္ပါတယ္။