သမီးလေးကိုမွေးဖွားခဲ့ပြီဖြစ်တဲ့ မင်းသမီး Honey Lee

Posted on

မင်းသမီး Honey Lee ကတော့ ဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာပါ။ သူကိုတော့ အမိုက်စားကိုယ်လုံးနဲ့အတူ ခပ်မိုက်မိုက်စတိုင်ကျကျမင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေသိကြမှာပါ။


Honey Lee ကတော့ ဆယ်လီမဟုတ်တဲ့သာမန်လူတစ်ယောက်နဲ့ ဒီဇင်ဘာလက လက်ထပ်ခဲ့တာဖြစ်ပြီး ရင်သွေးလေးလွယ်ထားရကြောင်းကို ပရိသတ်ကိုအသိပေးခဲ့ပါတယ်။ အခုဆိုရင်တော့ ရင်သွေးလေးကို အခက်အခဲမရှိမွေးဖွားခဲ့တာဖြစ်ပြီး ပရိသတ်တွေကိုလည်း အသိပေးလာတာပါ။ ဇွန်လ(၂၀)ရက်နေ့မှာ Saram Entertainment ကနေပြီးတော့ Honey Lee ဟာ သမီးလေးကို မွေးဖွားခဲ့ပြီဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


Honey Lee ကတော့ ဆိုးလ်မြို့မှာရှိတဲ့ဆေးရုံမှာအောင်မြင်စွာမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ မိခင်နဲ့သမီးဖြစ်သူဟာ ကျန်းမာလျက်ရှိပြီး လက်ရှိမှာမိသားစုဝင်တွေက စောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ဆုတောင်းတွေအားပေးစကားတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ မွေးဖွားလာပြီဖြစ်တဲ့သမီးလေးနဲ့အတူ ပျော်ရွှင်စရာဘဝခရီးကိုစတင်ပြီဖြစ်တာကြောင့် Congradulations ပါ Honey Lee ရေ။
Zawgyi ဖြင့်ဖတ်ရန်


