Why Her ဒရမ်မာရိုက်ကူးနေရင်း အိပ်ပျော်သွားခဲ့တဲ့ မင်းသမီး Seo Hyun Jin

Posted on

မင်းသမီး Seo Hyun Jin ကတော့ လက်ရှိပြသနေတဲ့ Why Her? ဇာတ်လမ်းတွဲမှာအမိုက်စားဇာတ်ရုပ်နဲ့ပရိသတ်တွေကို ဖမ်းစားထားတာပါ။ သူကိုတော့ ဒီဇာတ်လမ်းတွဲမှာ ရှေ့နေတစ်ယောက်အဖြစ်ပီပြင်တဲ့အပြင် လျှို့ဝှက်ပြီးခန့်မှန်းရခက်ကာထက်မြက်ပြီး သွေးအေးတဲ့သူအဖြစ်တွေ့ရပါတာပါ။ Seo Hyun Jin ရဲ့ ပီပြင်တဲ့အမိုက်စားဇာတ်ရုပ်နောက်ကွယ်ကပုံရိပ်တွေကလည်း ပရိသတ်တွေကစိတ်ဝင်စားကြတာပါ။


Seo Hyun Jin ကတော့ အမိုက်စားဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ရတာမှာ အတော်လေးကိုပင်ပန်းတဲ့ပုံပါပဲ။ ရိုက်ကွင်းနောက်ကွယ်ဗီဒီယိုကိုမျှဝေတဲ့အချိန်မှာတော့ Seo Hyun Jin ကရုပ်ရှင်ရိုက်ကူးနေရင်းအမှန်တကယ်အိပ်ပျော်သွာခဲ့တာဖြစ်ပြီး Hwang In Yeop က သူ့ကိုဂရုစိုက်နေတဲ့ဗီဒီယိုကတော့ ပျံ့နှံ့ခဲ့ပါတယ်။ Seo Hyun Jin နဲ့ Hwang In Yeop တို့ကိုတော့ Why Her ဇာတ်လမ်းတွဲမှာ အတွဲညီစွာတွေ့ရမှာပါ။


ဒီဗီဒီယိုထဲမှာတော့ Seo Hyun Jin ကတော့ရိုက်ကူးရေးလုပ်နေချိန် အိပ်ပျော်သွားခဲ့ပြီး Hwang In Yeop ကတော့ သူ့ရဲ့ဆံပင်ကိုသပ်ပေးနေခဲ့တာပါ။ ရိုက်ကူးရေးလုပ်နေချိန်မှာ အိပ်ပျော်သွားပြီးနောက်Seo Hyun Jin ကတော့ “တောင်းပန်ပါတယ်။ ငါအကြာကြီးအိပ်မိသွားတယ်” လို့ ဆိုပါတယ်။ Why Her ဒရမ်မာဇာတ်ကားကတော့ ရိုက်ကွင်းနောက်ကွယ်မှာ တကယ့်နွေးထွေးပြီးသက်သောင့်သက်သာရှိတဲ့ပုံပါပဲ ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်


