ထိတ်လန့်စရာကားအခြေအနေနဲ့ကြုံခဲ့ရတဲ့အကြောင်းပြောပြလာတဲ့ မင်းသမီး Kim Hye Soo
Posted on
ပရိသတ်တွေရင်းနှီးပြီးသား နာမည်ကျော်ဝါရင့်မင်းသမီးတွေထဲမှာတော့ မင်းသမီး Kim Hye Soo လည်း ပါဝင်ပါတယ်။ သူ့ကိုတော့ ရုပ်ရှင်ဇာတ်ကားများစွာမှာမြင်ဖူးကြတာဖြစ်ပြီး ကောင်းမွန်ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေရင်ထဲစွဲထင်နေတာပဲ ဖြစ်ပါတယ်။
သူကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေကိုမျှဝေလေ့ရှိသူဖြစ်ပြီး ထိတ်လန့်စရာအခြေအနေနဲ့ကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုလည်း ပုံနဲ့တကွပရိသတ်တွေကိုမျှဝေထားတာပါ။ Kim Hye Soo ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ “ညပိုးကောင်သတ်ပွဲ” လို့ရေးသားထားပြီးတော့ သူ့ရဲ့ကားမှန်မှာ ပိုးကောင်ဟာအကြိမ်ကြိမ်တိုက်ပြီးသေဆုံးထားတဲ့ပုံကိုလည်း မျှဝေထားပါတယ်။ Kim Hye Soo ကတော့ လာမယ့် ကေဒရမ်မာဇာတ်ကားဖြစ်တဲ့ Shrub မှာပါဝင်ထားတာပါ။
မကြာသေးခင်ကပြသခဲ့တဲ့ Netflix စီးရီးဖြစ်တဲ့ Juvenile Justice မှာလည်းကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားခဲ့ပါသေးတယ်။ ပြီးနောက် Unexpected Business 2 ဆိူတဲ့ tvN ရဲ့ပရိုဂရမ်မှာလည်း ပေါ်လာခဲ့ပါသေးတယ်။လက်ရှိမှာတော့ Shrub ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပြီး (၂၀၂၂) ခုနှစ်ရဲ့ဒုတိယနှစ်ဝက်အတွင်းမှာပြသမယ်လို့ သိရပါတယ်။ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို မျှော်လင့်နေကြပြီလား ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်