Rain နဲ့လက်ထပ်တဲ့နေ့မှာ ဝမ်(၁၀)ဘီလီယံတန်ဖိုးရှိတဲ့လက်ဝတ်ရတနာတွေဝတ်ဆင်ခဲ့တဲ့ Kim Tae Hee

Posted on

Rain နဲ့ Kim Tae Hee တို့စုံတွဲကတော့ ထိပ်တန်းအနုပညာရှင်တွေဖြစ်ပြီး လူတကာအားကျရတဲ့စုံတွဲလေးပါပဲ။ နတ်ဖက်တဲ့ဒီစုံတွဲလေးကတော့ အိမ်ခြံမြေလုပ်ငန်းမှာလည်းရင်းနှီးထားပြီး ကြွယ်ဝချမ်းသာတာကြောင့်လည်း လူပြောများပါသေးတယ်။ သူတို့နှစ်ဦးကတော့ (၂၀၁၇) ခုနှစ်ကလက်ထပ်ခဲ့ပြီး လက်ရှိမှာလည်း သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။


တီဗီအစီအစဉ်တစ်ခုမှာ ကြယ်ပွင့်တွေဝတ်ဆင်ခဲ့တဲ့ဇိမ်ခံအမှတ်တံဆိပ်ဖက်ရှင်တွေကို မိတ်ဆက်ပြီးအဆင့်သတ်မှတ်ခဲ့ရာမှာ Kim Tae Hee က ပထမနေရာရခဲ့ပါတယ်။ Rain နဲ့ Kim Tae Heeတို့နှစ်ဦးကတော့ မင်္ဂလာပွဲကိုဘုရားကျောင်းမှာရိုးရှင်းစွာကျင်းပခဲ့ကြတာပါ။ ဒါပေမဲ့လည်း ၀တ်ဆင်ခဲ့တဲ့လက်ဝတ်ရတနာတန်ဖိုးကတော့ အံ့သြလောက်စရာပမာဏဖြစ်ပြီး (၁၀)ဘီလီယံတောင်မှ ရှိခဲ့ပါတယ်။ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Cartier ကတော့ Kim Tae Hee ကိုဖိတ်ကြားခဲ့ပြီး သူ့ရဲ့ထူးခြားတဲ့နေ့မှာဝတ်ဆင်ဖို့အတွက် အရည်အသွေးမြင့်လတ်ဝတ်ရတနာကို ပြင်ဆင်ပေးထားခဲ့ပါတယ်။


မင်္ဂလာပွဲမှာသူဝတ်ဆင်ခဲ့တဲ့လက်စွပ်ကတော့ တန်ဖိုးအကြီးဆုံးဖြစ်ပြီး ဝတ်(၆.၃) ဘီလီယံ ရှိပါတယ်။ သူကတော့ နားဆွဲနဲ့ လည်ဆွဲတွေကိုCartier အမှတ်တံဆိပ်ကိုပဲဝတ်ဆင်ခဲ့တာဖြစ်ပြီး ဝမ်သန်း(၂၀၀)တန်ဖိုးရှိပါတယ်။ ဒီလိုကြွယ်ဝချမ်းသာတဲ့မင်းသမီးချောကတော့ တောမီးလောင်မှုအတွက် ဝမ်သန်း(၂၀၀) ကိုလည်း ရက်ရောစွာလှူဒါန်းတာကြောင့်လည်း ပရိသတ်တွေရဲ့ချစ်ခင်လေးစားမှုကို ရရှိတဲ့သူဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Rain နဲ႔လက္ထပ္တဲ့ေန႔မွာ ဝမ္(၁၀)ဘီလီယံတန္ဖိုးရွိတဲ့လက္ဝတ္ရတနာေတြဝတ္ဆင္ခဲ့တဲ့ Kim Tae Hee
လက္ထပ္ပြဲေလးကေတာ့ ႐ိုး႐ိုးေလးေပမဲ့…
Rain နဲ႔ Kim Tae Hee တို႔စုံတြဲကေတာ့ ထိပ္တန္းအႏုပညာရွင္ေတြျဖစ္ၿပီး လူတကာအားက်ရတဲ့စုံတြဲေလးပါပဲ။ နတ္ဖက္တဲ့ဒီစုံတြဲေလးကေတာ့ အိမ္ၿခံေျမလုပ္ငန္းမွာလည္းရင္းႏွီးထားၿပီး ႂကြယ္ဝခ်မ္းသာတာေၾကာင့္လည္း လူေျပာမ်ားပါေသးတယ္။ သူတို႔ႏွစ္ဦးကေတာ့ (၂၀၁၇) ခုႏွစ္ကလက္ထပ္ခဲ့ၿပီး လက္ရွိမွာလည္း သမီးေလးႏွစ္ေယာက္ကိုပိုင္ဆိုင္ထားတာလည္း ျဖစ္ပါတယ္။


တီဗီအစီအစဥ္တစ္ခုမွာ ၾကယ္ပြင့္ေတြဝတ္ဆင္ခဲ့တဲ့ဇိမ္ခံအမွတ္တံဆိပ္ဖက္ရွင္ေတြကို မိတ္ဆက္ၿပီးအဆင့္သတ္မွတ္ခဲ့ရာမွာ Kim Tae Hee က ပထမေနရာရခဲ့ပါတယ္။ Rain နဲ႔ Kim Tae Heeတို႔ႏွစ္ဦးကေတာ့ မဂၤလာပြဲကိုဘုရားေက်ာင္းမွာ႐ိုးရွင္းစြာက်င္းပခဲ့ၾကတာပါ။ ဒါေပမဲ့လည္း ၀တ္ဆင္ခဲ့တဲ့လက္ဝတ္ရတနာတန္ဖိုးကေတာ့ အံ့ၾသေလာက္စရာပမာဏျဖစ္ၿပီး (၁၀)ဘီလီယံေတာင္မွ ရွိခဲ့ပါတယ္။ ကမာၻေက်ာ္အမွတ္တံဆိပ္ျဖစ္တဲ့ Cartier ကေတာ့ Kim Tae Hee ကိုဖိတ္ၾကားခဲ့ၿပီး သူ႔ရဲ႕ထူးျခားတဲ့ေန႔မွာဝတ္ဆင္ဖို႔အတြက္ အရည္အေသြးျမင့္လတ္ဝတ္ရတနာကို ျပင္ဆင္ေပးထားခဲ့ပါတယ္။
မဂၤလာပြဲမွာသူဝတ္ဆင္ခဲ့တဲ့လက္စြပ္ကေတာ့ တန္ဖိုးအႀကီးဆုံးျဖစ္ၿပီး ဝတ္(၆.၃) ဘီလီယံ ရွိပါတယ္။ သူကေတာ့ နားဆြဲနဲ႔ လည္ဆြဲေတြကိုCartier အမွတ္တံဆိပ္ကိုပဲဝတ္ဆင္ခဲ့တာျဖစ္ၿပီး ဝမ္သန္း(၂၀၀)တန္ဖိုးရွိပါတယ္။ ဒီလိုႂကြယ္ဝခ်မ္းသာတဲ့မင္းသမီးေခ်ာကေတာ့ ေတာမီးေလာင္မႈအတြက္ ဝမ္သန္း(၂၀၀) ကိုလည္း ရက္ေရာစြာလႉဒါန္းတာေၾကာင့္လည္း ပရိသတ္ေတြရဲ႕ခ်စ္ခင္ေလးစားမႈကို ရရွိတဲ့သူျဖစ္ပါတယ္။