ပရိသတ်တွေအံ့သြသွားစေခဲ့တဲ့ အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးသရုပ်ဆောင်လေး Park Soyi

Posted on

ပရိသတ်တွေချစ်ရတဲ့ကလေးသရုပ်ဆောင်တွေကလည်း ကြီးပြင်းလာတဲ့အခါမှာလည်း ပရိသတ်တွေကို အံ့သြသွားစေတဲ့မိန်းမလှလေးတွေဖြစ်လာပြန်တာပါပဲ။ ကလေးသရုပ်ဆောင် Park Soyi ကတော့ Seoul International Children’s Film Festival မှာ Kid of the Year ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကတော့ Unframed – Bandi ဆိုတဲ့ ရုပ်ရှင်မှာသရုပ်ဆောင်ခဲ့တဲ့ထူးချွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။


ဒီကလေးသရုပ်ဆောင်လေးကတော့ အပြာရောင်ဖျော့ဖျော့ဝတ်စုံလေးကိုဝတ်ဆင်ထားတာဖြစ်ပြီး ပရိသတ်တွေအမြင်မှာ ပွဲဦးထွက်တုန်းကနဲ့အတော်လေးကွာခြားနေခဲ့ပါတယ်။ (၄) နှစ်ကြာတဲ့အချိန်မှာတော့ Park Soyi ဟာ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အဖြစ်ကို ကူးပြောင်းလာခဲ့ပါပြီ။ သူကတော့ ရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်ပြီး ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။


(၂၀၁၂) ခုနှစ်ဖွားတစ်ယောက်ဖြစ်တဲ့ Park Soyi ဟာ Encounter ၊ Do Do Sol Sol La La Sol ၊ High Class စတဲ့ဒရမ်မာတွေအပြင် Deliver Us from Evil ၊ Pawn နဲ့ Vanishing စတဲ့ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာပါ။ Park Soyi ဟာလည်းပဲ အရွယ်ရောက်လာတဲ့အခါလျှမ်းလျှမ်းတောက်အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်နိုင်မလားနော်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြအံ့ၾသသြားေစခဲ့တဲ့ အ႐ြယ္ေရာက္လာၿပီျဖစ္တဲ့ ကေလးသ႐ုပ္ေဆာင္ေလး Park Soyi
ပရိသတ္ေတြခ်စ္ရတဲ့ကေလးသ႐ုပ္ေဆာင္ေတြကလည္း ႀကီးျပင္းလာတဲ့အခါမွာလည္း ပရိသတ္ေတြကို အံ့ၾသသြားေစတဲ့မိန္းမလွေလးေတြျဖစ္လာျပန္တာပါပဲ။ ကေလးသ႐ုပ္ေဆာင္ Park Soyi ကေတာ့ Seoul International Children’s Film Festival မွာ Kid of the Year ဆုကို ရရွိခဲ့ပါတယ္။ ဒီဆုကေတာ့ Unframed – Bandi ဆိုတဲ့ ႐ုပ္ရွင္မွာသ႐ုပ္ေဆာင္ခဲ့တဲ့ထူးခြၽန္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ရရွိခဲ့တာျဖစ္ပါတယ္။


ဒီကေလးသ႐ုပ္ေဆာင္ေလးကေတာ့ အျပာေရာင္ေဖ်ာ့ေဖ်ာ့ဝတ္စုံေလးကိုဝတ္ဆင္ထားတာျဖစ္ၿပီး ပရိသတ္ေတြအျမင္မွာ ပြဲဦးထြက္တုန္းကနဲ႔အေတာ္ေလးကြာျခားေနခဲ့ပါတယ္။ (၄) ႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ Park Soyi ဟာ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္အျဖစ္ကို ကူးေျပာင္းလာခဲ့ပါၿပီ။ သူကေတာ့ ႐ုပ္ရွင္ဇာတ္ကားမ်ားစြာမွာပါဝင္ၿပီး ပရိသတ္ေတြရဲ႕အခ်စ္ေတြကို သိမ္းပိုက္ထားတာလည္း ျဖစ္ပါတယ္။
(၂၀၁၂) ခုႏွစ္ဖြားတစ္ေယာက္ျဖစ္တဲ့ Park Soyi ဟာ Encounter ၊ Do Do Sol Sol La La Sol ၊ High Class စတဲ့ဒရမ္မာေတြအျပင္ Deliver Us from Evil ၊ Pawn နဲ႔ Vanishing စတဲ့ဇာတ္ကားေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးတာပါ။ Park Soyi ဟာလည္းပဲ အ႐ြယ္ေရာက္လာတဲ့အခါလွ်မ္းလွ်မ္းေတာက္ေအာင္ျမင္တဲ့မင္းသမီးတစ္လက္အျဖစ္နဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ေတြကို သိမ္းပိုက္ႏိုင္မလားေနာ္။