ပရိသတ်တွေခန့်မှန်းထားကြတဲ့ collaboration တစ်ခုကတော့ ထွက်လာခဲ့ပါပြီ။ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Charlie Puth နဲ့အတူ BTS အဖွဲ့ဝင် Jungkook က ပါဝင်သီဆိုပေးထားတာပါ။ အဖွဲ့လိုက်ပူးပေါင်းဖန်တီးမှုတွေလုပ်လေ့ရှိတဲ့ BTS အဖွဲ့ကတော့ ဒီတစ်ခါမှာ တစ်ကိုယ်တော်ပူးပေါင်းဖန်တီးမှုကို ပထမဆုံးလုပ်တယ်ဆိုရမှာပါ။
Charlie Puth နဲ့ပူးပေါင်းဖန်တီးမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ တစ်ကိုယ်တော်ပူးပေါင်းတင်ဆက်မှု ဖြစ်ခဲ့တာပါ။ သီချင်းနာမည်ကတော့ Left and Right ဖြစ်ပြီး မြူးမြူးကြွကြွနဲ့ ပရိသတ်တွေသဘောကျစေမယ့် သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကတော့ ရည်စားဟောင်းနဲ့ပတ်သတ်တဲ့မှတ်ညဏ်တွေကို ဖျောက်မရနိုင်ဖြစ်ပြီး ရှုပ်ထွေးနေတဲ့ခံစားချက်တွေရှိနေတဲ့သူတစ်ယောက်ကို ဖော်ပြထားတဲ့သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ သီချင်းထဲမှာတော့ Charlie Puth ဟာ အချစ်နာကျနေတာအတွက်တိုင်ပင်ဆွေးနွေးမှုတွေလုပ်ခဲ့တာဖြစ်ပြီး ငွေတွေသာကုန်သွားခဲ့တယ်ဆိုပြီး အဆုံးသတ်ထားပါတယ်။
ဒီသီချင်းလေးကတော့ ထွက်ရှိပြီးနာရီပိုင်းအတွင်းမှာပင် ရေပန်းစားနေတာဖြစ်ပါတယ်။ Charlie Puth နဲ့ BTS အဖွဲ့ဝင် Jungkook တို့ရဲ့ Left and Right သီချင်းကို နားမထောင်ရသေးတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ပရိသတ္ေတြကိုဖမ္းစားခဲ့တဲ့ Charlie Puth နဲ႔ BTS အဖြဲ႕ဝင္ Jungkook တို႔ရဲ႕သီခ်င္းအသစ္
ပရိသတ္ေတြခန႔္မွန္းထားၾကတဲ့ collaboration တစ္ခုကေတာ့ ထြက္လာခဲ့ပါၿပီ။ နာမည္ေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Charlie Puth နဲ႔အတူ BTS အဖြဲ႕ဝင္ Jungkook က ပါဝင္သီဆိုေပးထားတာပါ။ အဖြဲ႕လိုက္ပူးေပါင္းဖန္တီးမႈေတြလုပ္ေလ့ရွိတဲ့ BTS အဖြဲ႕ကေတာ့ ဒီတစ္ခါမွာ တစ္ကိုယ္ေတာ္ပူးေပါင္းဖန္တီးမႈကို ပထမဆုံးလုပ္တယ္ဆိုရမွာပါ။
Charlie Puth နဲ႔ပူးေပါင္းဖန္တီးမယ္လို႔ ခန႔္မွန္းထားခဲ့ေပမဲ့ တစ္ကိုယ္ေတာ္ပူးေပါင္းတင္ဆက္မႈ ျဖစ္ခဲ့တာပါ။ သီခ်င္းနာမည္ကေတာ့ Left and Right ျဖစ္ၿပီး ျမဴးျမဴးႂကြႂကြနဲ႔ ပရိသတ္ေတြသေဘာက်ေစမယ့္ သီခ်င္းတစ္ပုဒ္ပါ။ ဒီသီခ်င္းကေတာ့ ရည္စားေဟာင္းနဲ႔ပတ္သတ္တဲ့မွတ္ညဏ္ေတြကို ေဖ်ာက္မရႏိုင္ျဖစ္ၿပီး ရႈပ္ေထြးေနတဲ့ခံစားခ်က္ေတြရွိေနတဲ့သူတစ္ေယာက္ကို ေဖာ္ျပထားတဲ့သီခ်င္းတစ္ပုဒ္လည္း ျဖစ္ပါတယ္။ သီခ်င္းထဲမွာေတာ့ Charlie Puth ဟာ အခ်စ္နာက်ေနတာအတြက္တိုင္ပင္ေဆြးေႏြးမႈေတြလုပ္ခဲ့တာျဖစ္ၿပီး ေငြေတြသာကုန္သြားခဲ့တယ္ဆိုၿပီး အဆုံးသတ္ထားပါတယ္။
ဒီသီခ်င္းေလးကေတာ့ ထြက္ရွိၿပီးနာရီပိုင္းအတြင္းမွာပင္ ေရပန္းစားေနတာျဖစ္ပါတယ္။ Charlie Puth နဲ႔ BTS အဖြဲ့၀င္ Jungkook တို႔ရဲ႕ Left and Right သီခ်င္းကို နားမေထာင္ရေသးတဲ့ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္။