မင်္ဂလာပွဲပုံရိပ်တွေကိုပရိသတ်တွေကိုမျှဝေခဲ့တဲ့ မင်းသမီး Jang Na Ra

Posted on

မင်းသမီးချောလေး Jang Na Ra ကတော့ မနေ့က ဇွန်လ(၂၆)ရက်နေ့က ဆိုးလ်မြို့မှာရှိတဲ့ Bonelli ဥယျာဉ်မှာမင်္ဂလာပွဲကို ဆင်နွဲခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဆယ်လီတစ်ယောက်မဟုတ်တာကြောင့် မျက်နှာကိုဖော်ပြခြင်းမရှိခဲ့ပါဘူး။


မင်းသမီးရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးရင်ခုန်နေကြတဲ့ပရိသတ်တွေကိုတော့ မင်္ဂလာပွဲပုံရိပ်တွေကို မျှဝေပေးခဲ့ပါတယ်။ အဖြူရောင်ဝတ်စုံနဲ့လှနေတဲ့မင်းသမီးချောလေးရဲ့ပုံရိပ်ကတော့ ပရိသတ်တွေကိုပါကြည်နူးစေခဲ့ပါတယ်။ မင်းသမီးကတော့ ပရိသတ်တွေရဲ့အချစ်တွေနဲ့ ဆုတောင်းပေးမှုတွေအတွက်ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အနေနဲ့ရော မင်းသမီးတစ်လက်အနေနဲ့ပါကြိုးစားပြီး ပျော်ရွှင်စွာနေထိုင်သွားမယ်လို့ ဆိုပါတယ်။


မင်းသမီးကတော့ အသက်(၆)နှစ်ငယ်တဲ့ချစ်သူနဲ့(၂)နှစ်ကြာချစ်ကြိုက်ပြီးနောက် လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး VIP ဇာတ်လမ်းတွဲရိုက်ရင်းတွေ့ဆုံခဲ့ကြတာလို့သိရပါတယ်။ မင်္ဂလာနေ့ရက်မှစပြီး သက်ဆုံးတိုင်အောင်ပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မဂၤလာပြဲပုံရိပ္ေတြကိုပရိသတ္ေတြကိုမွ်ေဝခဲ့တဲ့ မင္းသမီး Jang Na Ra
မင္းသမီးေခ်ာေလး Jang Na Ra ကေတာ့ မေန႔က ဇြန္လ(၂၆)ရက္ေန႔က ဆိုးလ္ၿမိဳ႕မွာရွိတဲ့ Bonelli ဥယ်ာဥ္မွာမဂၤလာပြဲကို ဆင္ႏြဲခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူကေတာ့ ဆယ္လီတစ္ေယာက္မဟုတ္တာေၾကာင့္ မ်က္ႏွာကိုေဖာ္ျပျခင္းမရွိခဲ့ပါဘူး။


မင္းသမီးရဲ႕မဂၤလာပြဲနဲ႔ပတ္သက္ၿပီးရင္ခုန္ေနၾကတဲ့ပရိသတ္ေတြကိုေတာ့ မဂၤလာပြဲပုံရိပ္ေတြကို မွ်ေဝေပးခဲ့ပါတယ္။ အျဖဴေရာင္ဝတ္စုံနဲ႔လွေနတဲ့မင္းသမီးေခ်ာေလးရဲ႕ပုံရိပ္ကေတာ့ ပရိသတ္ေတြကိုပါၾကည္ႏူးေစခဲ့ပါတယ္။ မင္းသမီးကေတာ့ ပရိသတ္ေတြရဲ႕အခ်စ္ေတြနဲ႔ ဆုေတာင္းေပးမႈေတြအတြက္ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္အေနနဲ႔ေရာ မင္းသမီးတစ္လက္အေနနဲ႔ပါႀကိဳးစားၿပီး ေပ်ာ္႐ႊင္စြာေနထိုင္သြားမယ္လို႔ ဆိုပါတယ္။
မင္းသမီးကေတာ့ အသက္(၆)ႏွစ္ငယ္တဲ့ခ်စ္သူနဲ႔(၂)ႏွစ္ၾကာခ်စ္ႀကိဳက္ၿပီးေနာက္ လက္ထပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူကေတာ့ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ၿပီး VIP ဇာတ္လမ္းတြဲ႐ိုက္ရင္းေတြ႕ဆုံခဲ့ၾကတာလို႔သိရပါတယ္။ မဂၤလာေန႔ရက္မွစၿပီး သက္ဆုံးတိုင္ေအာင္ေပ်ာ္႐ႊင္စြာေပါင္းဖက္သြားႏိုင္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။