ပဲရစ်က Celine ရှိုးပွဲကိုတက်ရောက်ခဲ့တဲ့ BTS အဖွဲ့ဝင် V၊ Blackpink အဖွဲ့ဝင် Lisa နဲ့ Park Bo Gum

Posted on

BTS အဖွဲ့ဝင် V၊ Blackpink အဖွဲ့ဝင် Lisa နဲ့ Park Bo Gum တို့ကတော့ Men’s Paris Fashion Week မှာ Celine ရှိုးပွဲကိုတက်ရောက်ခဲ့တဲ့အကြောင်းက သတင်းစားတွေမှာအသားပေးဖော်ပြခံရတဲ့အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့(၃)ဦးကတော့ တောင်ကိုရီးယားနိုင်ငံကိုယ်စားပြုအနေနဲ့တက်ရောက်ခဲ့ကြတာပါ။


နာမည်ကျော်(၃)ဦးကတော့ ပွဲအတွင်းမှာပိုစ့်ပေးနေတဲ့ပုံရိပ်တွေ အခြားကြယ်ပွင့်တွေနဲ့ပုံရိပ်တွေကတော့ ဖက်ရှင်မဂ္ဂဇင်းတွေမှာ ဖော်ပြခံရတာလည်း ဖြစ်ပါတယ်။ Blackpink အဖွဲ့ဝင် Lisa ကတော့ အမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်ဖြစ်တာကြောင့်ဒီပွဲကိုတက်ရောက်လာတာမထူးဆန်းလှပါဘူး။ BTS အဖွဲ့ဝင် V နဲ့ Park Bo Gum တို့ကတော့ Celine ရဲ့ creative director တစ်ယောက်ဖြစ်သူ Hedi Slimane ရဲ့သီးသန့်ဖိတ်ကြားမှုကြောင့်တက်ရောက်လာတာ ဖြစ်ပါတယ်။


ဒီပွဲမှာတော့ တောင်ကိုရီးယားနိင်ငံရဲ့ငွေကြယ်ပွင့်တွေဖြစ်သလို ပြည်ပနိုင်ငံတွေမှာပါပရိသတ်အခိုင်အမာရရှိထားတဲ့သူတို့(၃)ဦးကတော့ မီဒီယာတွေကြားမှာရေပန်းစားတာလည်း ဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်တွေနဲ့ပရိသတ်တွေကိုလည်းဖမ်းစားခဲ့တာကြောင့် ပြန်လည်မျှဝေလိုက်ပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်

(၃) ယောက်လုံးကမိမိုက်နေရော….



