ကမ္ဘာ့ထိပ်တန်းစုံတွဲ(၅)တွဲစာရင်းကိုဝင်ရောက်လာတဲ့ Hyun Bin နဲ့ Son Ye Jin တို့စုံတွဲ

Posted on

Hyun Bin နဲ့ Son Ye Jinတို့စုံတွဲကတော့ အောင်မြင်ကျော်ကြားမှုကြောင့် မသိသူမရှိတဲ့ဆယ်လီစုံတွဲတစ်တွဲပါ။ ထိပ်တန်းအနုပညာရှင်နှစ်ဦးရဲ့ပေါင်းဖက်မှုကတော့ လူတကာကိုအားကျစေတာလည်း ဖြစ်ပါတယ်။ ချီးကျူးအားကျစရာဒီစုံတွဲကတော့ ပရိသတ်တွေထပ်ပြီးတော့ အားကျစေခဲ့ပြန်ပါပြီ။


မကြာသေးခင်ကတော့ Yahoo Japan က ကမ္ဘာ့အလှဆုံးစုံတွဲ(၅)တွဲကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီစာရင်းထဲမှာတော့ Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦးပါဝင်ခဲ့ပြီး လက်ရှိမှာအာရှကနေပါဝင်လာတဲ့ တစ်တွဲတည်းသောစုံတွဲလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစုံတွဲကတော့ တတိယနေရာကိုယူထားပြီး ဒိတ်ဒတ်ကြဲစုံတွဲတစ်တွဲဖြစ်တဲ့ David နဲ့ Victoria Beckham တို့ရဲ့နောက်မှာ ရှိနေပါတယ်။


ရုပ်ရည်ချောမောအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားပြီးလိုက်ဖက်လှတဲ့ဒီစုံတွဲကတော့ မတ်လမှာ လက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံးရင်သွေးလေးလွယ်ထားရတယ်ဆိုတဲ့ သတင်းကောင်းကိုလည်း ပရိသတ်တွေကိုအသိပေးခဲ့ပြီလည်း ဖြစ်ပါတယ်။ Hyun Bin နဲ့ Son Ye Jinကို ပရိသတ်တွေချစ်ကြသလို သူတို့ရဲ့သားသမီးရတနာလေးကိုလည်း ပရိသတ်တွေကအချစ်ပိုကြမှာ အသေအချာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

ကမာၻ႔ထိပ္တန္းစုံတြဲ(၅)တြဲစာရင္းကိုဝင္ေရာက္လာတဲ့ Hyun Bin နဲ႔ Son Ye Jin တို႔စုံတြဲ
Hyun Bin နဲ႔ Son Ye Jinတို႔စုံတြဲကေတာ့ ေအာင္ျမင္ေက်ာ္ၾကားမႈေၾကာင့္ မသိသူမရွိတဲ့ဆယ္လီစုံတြဲတစ္တြဲပါ။ ထိပ္တန္းအႏုပညာရွင္ႏွစ္ဦးရဲ႕ေပါင္းဖက္မႈကေတာ့ လူတကာကိုအားက်ေစတာလည္း ျဖစ္ပါတယ္။ ခ်ီးက်ဴးအားက်စရာဒီစုံတြဲကေတာ့ ပရိသတ္ေတြထပ္ၿပီးေတာ့ အားက်ေစခဲ့ျပန္ပါၿပီ။


မၾကာေသးခင္ကေတာ့ Yahoo Japan က ကမာၻ႔အလွဆုံးစုံတြဲ(၅)တြဲကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ဒီစာရင္းထဲမွာေတာ့ Hyun Bin နဲ႔ Son Ye Jin တို႔ႏွစ္ဦးပါဝင္ခဲ့ၿပီး လက္ရွိမွာအာရွကေနပါဝင္လာတဲ့ တစ္တြဲတည္းေသာစုံတြဲလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီစုံတြဲကေတာ့ တတိယေနရာကိုယူထားၿပီး ဒိတ္ဒတ္ႀကဲစုံတြဲတစ္တြဲျဖစ္တဲ့ David နဲ႔ Victoria Beckham တို႔ရဲ႕ေနာက္မွာ ရွိေနပါတယ္။
႐ုပ္ရည္ေခ်ာေမာေအာင္ျမင္မႈေတြကိုပိုင္ဆိုင္ထားၿပီးလိုက္ဖက္လွတဲ့ဒီစုံတြဲကေတာ့ မတ္လမွာ လက္ထပ္ပြဲက်င္းပခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ပထမဆုံးရင္ေသြးေလးလြယ္ထားရတယ္ဆိုတဲ့ သတင္းေကာင္းကိုလည္း ပရိသတ္ေတြကိုအသိေပးခဲ့ၿပီလည္း ျဖစ္ပါတယ္။ Hyun Bin နဲ႔ Son Ye Jinကို ပရိသတ္ေတြခ်စ္ၾကသလို သူတို႔ရဲ႕သားသမီးရတနာေလးကိုလည္း ပရိသတ္ေတြကအခ်စ္ပိုၾကမွာ အေသအခ်ာပါပဲ။