အင်စတာဂရမ်မှာ Follower အများဆုံးတောင်ကိုးရီးယားမင်းသားအဖြစ်စံချိန်တင်လိုက်တဲ့ Lee Min Ho

Posted on

နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ကတော့ သရုပ်ဆောင်ကောင်းရုံတင်မက ပရိသတ်တွေရဲ့အချစ်တွေကိုလည်း များစွာရရှိထားတာပါ။ သူကတော့ အောင်မြင်ကျော်ကြားတဲ့တောင်ကိုရီးယားကြယ်ပွင့်တစ်ဦးဖြစ်ပြီး ပြည်ပမှာလည်းပရိသတ်များစွာရှိနေတာကြောင့် အင်စတာဂရမ်မှာလည်း စိတ်ဝင်စားမှုများစွာခံရတဲ့မင်းသားတစ်လက်ပါ။


Lee Min Ho ကတော့ အင်စတာဂရမ်မှာ follower သန်း(၃၀) ရရှိခဲ့တာဖြစ်ပြီး follower အများဆုံးတောင်ကိုရီးယားမင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ မင်းသား Cha Eun Woo ရှေိနေတာဖြစ်ပြီး လက်ရှိမှာ follower (၂၉) သန်းရှိနေပါတယ်။ Lee Min Ho ကတော့ ရိုက်ကူးထားတဲ့ ကြော်ငြာ၊ မဂ္ဂဇင်းပုံတွေနဲ့ လက်ရှိပရော့ဂျက်တွေနဲ့ပတ်သက်ပြီးတင်ပေးလေ့ရှိသလို Selfie ပုံတွေကိုလည်းတင်လေ့ရှိပါတယ်။


မင်းသားချောကတော့ မကြာခင်မှာ မင်းသမီး Gong Hyo Jin နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ Ask The Stars ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေဆီပြန်လာမှာလည်း ဖြစ်ပါတယ်။ ထုတ်လွှင့်ပြသခဲ့တဲ့ Pachinko ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ခဲ့ပါသေးတယ်။ ပရိသတ်တွေရဲ့အားပေးမှုများစွာကိုရရှိထားတာကတော့ လက်ရှိအင်စတာဂရမ်က follower အရေအတွက်ကဖော်ပြနေပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်


