ခင်ပွန်းဖြစ်သူရဲ့လက်ကိုချိတ်ကာပျော်နေခဲ့တဲ့ Jang Na Ra ရဲ့မင်္ဂလာပွဲဟာ ပရမ်းပတာတွေဖြစ်ခဲ့သလား

Posted on

ပရိသတ်တွေချစ်ရတဲ့နာမည်ကျော်မင်းသမီးလေး Jang Na Ra ကတော့ အခုဆိုရင်သူ့ထက်အသက်(၆)နှစ်ငယ်တဲ့ချစ်ရသူနဲ့လက်ထပ်သွားပါပြီ။ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သတို့သားဖြစ်သူရဲ့မျက်နှာကိုမဖော်ပြထားပေမဲ့ မင်းသမီးရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေဆီကို မျှဝေခဲ့ပါတယ်။ မင်သမီးရဲ့အစ်ကိုဖြစ်သူ Jang Seong Wonကတော့ မင်္ဂလာပွဲကပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။


Jang Seong Won ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ မိသားစုလိုက်ရိုက်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။ ဒီပုံမှာတော့ မင်းသမီးဟာ ခင်ပွန်းဖြစ်သူရဲ့လက်ကိုချိတ်ထားပြီးတောက်ပစွာပြုံးနေသလို မိဘတွေနဲ့အစ်ကိုဖြစ်သသ Jang Seong Won ကလည်း ဂုဏ်ယူတဲ့အပြုံးတွေနဲ့ပြုံးနေကြတာကို မြင်တွေ့ရမှာပါ။ ဒါအပြင် Jang Seong Won ချီထားတဲ့ခွေးလေးကလည်း ပရိသတ်တွေဆီကစိတ်ဝင်စားမှုရခဲ့ပါသေးတယ်။


Jang Seong Won ကတော့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး “ညီမရဲ့မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးရေးသားထားတဲ့စာ! အမှတ်တရဓာတ်ပုံထဲမှာတော့ လူတိုင်းကိုတောက်ပတဲ့အပြုံးတွေနဲ့တွေ့ရတယ်။ ဒါပေမဲ့ ပွဲရဲ့အလယ်မှာတော့ မကြိုက်တဲ့အရာအတွက် ရန်ဖြစ်ခဲ့ကြပါသေးတယ်။ သို့ပေမဲ့လည်း အကောင်းဆုံးမိသားစုတွေထဲကတစ်ခုဖြစ်နေတုန်းပါပဲ” လို့ ရေးသားခဲ့တာပါ။ အစ်ကိုဖြစ်သူရဲ့ရေးသားမှုကြောင့် Jang Na Ra ရဲ့မင်္ဂလာပွဲကတော့ စိတ်သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့တဲ့ပုံပါပဲ။
Zawgyi ဖြင့်ဖတ်ရန်


