Fendi ရဲ့ဖက်ရှင်ရှိုးပွဲကိုတက်ရောက်ဖို့အတွက် ပဲရစ်ကိုထွက်ခွာသွားပြီဖြစ်တဲ့ Song Hye Kyo

Posted on

Song Hye Kyo ကတော့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်သလိုသူ့ရဲ့လှုပ်ရှားမှုတိုင်းက ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်ရတာလည်း ဖြစ်ပါတယ်။ နာမည်ကျော်ဖက်ရှင်အမှတ်တံဆိပ်တွေနဲ့အလုပ်လုပ်လေ့ရှိတဲ့ Song Hye Kyo ကတော့ အခုဆိုရင် Fendi ရဲ့ဖက်ရှင်ရှိုးပွဲအတွက် ပဲရစ်ကိုထွက်ခွာသွားပြီပဲ ဖြစ်ပါတယ်။


သူ့ရဲ့လေဆိပ်ဖက်ရှင်ကတော့ Fendi အမှတ်တံဆိပ်အိတ်ကိုကိုင်ထားပြီး သက်သောင့်သက်သာရှိပေမဲ့စတိုင်ကျနေတာပဲ ဖြစ်ပါတယ်။ နာမည်ကျော်မင်းသမီးကတော့ Fendi ရဲ့ ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ အမှတ်တံဆိပ်ရဲ့ Fall/Winter 2022 Fashion Show ကိုတက်ရောက်မယ်လို့ ယူဆရပါတယ်။ ဒီပွဲကတော့ ဇူလိုင်လ(၇)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။


သူကတော့ ဒီပွဲမတက်ရောက်ခင်မှာတော့ ဒရမ်မာအသစ်ဖြစ်တဲ့ The Glory ကိုရိုက်ကူးပြီးတော့ အလုပ်များနေခဲ့တာလည်း ဖြစ်ပါတယ်။ Song Hye Kyo ကတော့ ပရိသတ်တွေသတိမထားမိအောင် ဦးထုပ်ကိုဆောင်းလာခဲ့ပေမဲ့ သူ့ရဲ့လေဆိပ်ကဓာတ်ပုံတွေကတော့ အတော်လေးပျံ့နှံ့နေခဲ့ပါပြီ။ Fendi ရဲ့ဖက်ရှင်ရှိုးပွဲမှာ ဘယ်လိုမျိုးစတိုင်ကျနေမလဲဆိုတာကတော့ ပရိသတ်တွေနောက်ထပ်စိတ်ဝင်စားတဲ့အကြောင်းအရာလည်းဖြစ်မယ် ထင်ပါတယ်နော်။
Zawgyi ဖြင့်ဖတ်ရန်

Fendi ရဲ႕ဖက္ရွင္ရႈိးပြဲကိုတက္ေရာက္ဖို႔အတြက္ ပဲရစ္ကိုထြက္ခြာသြားၿပီျဖစ္တဲ့ Song Hye Kyo
Song Hye Kyo ကေတာ့ ထိပ္တန္းအႏုပညာရွင္တစ္ေယာက္ျဖစ္သလိုသူ႔ရဲ႕လႈပ္ရွားမႈတိုင္းက ပရိသတ္ေတြစိတ္ဝင္တစားေစာင့္ၾကည့္ရတာလည္း ျဖစ္ပါတယ္။ နာမည္ေက်ာ္ဖက္ရွင္အမွတ္တံဆိပ္ေတြနဲ႔အလုပ္လုပ္ေလ့ရွိတဲ့ Song Hye Kyo ကေတာ့ အခုဆိုရင္ Fendi ရဲ႕ဖက္ရွင္ရႈိးပြဲအတြက္ ပဲရစ္ကိုထြက္ခြာသြားၿပီပဲ ျဖစ္ပါတယ္။


သူ႔ရဲ႕ေလဆိပ္ဖက္ရွင္ကေတာ့ Fendi အမွတ္တံဆိပ္အိတ္ကိုကိုင္ထားၿပီး သက္ေသာင့္သက္သာရွိေပမဲ့စတိုင္က်ေနတာပဲ ျဖစ္ပါတယ္။ နာမည္ေက်ာ္မင္းသမီးကေတာ့ Fendi ရဲ႕ ambassador တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူကေတာ့ အမွတ္တံဆိပ္ရဲ႕ Fall/Winter 2022 Fashion Show ကိုတက္ေရာက္မယ္လို႔ ယူဆရပါတယ္။ ဒီပြဲကေတာ့ ဇူလိုင္လ(၇)ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။
သူကေတာ့ ဒီပြဲမတက္ေရာက္ခင္မွာေတာ့ ဒရမ္မာအသစ္ျဖစ္တဲ့ The Glory ကို႐ိုက္ကူးၿပီးေတာ့ အလုပ္မ်ားေနခဲ့တာလည္း ျဖစ္ပါတယ္။ Song Hye Kyo ကေတာ့ ပရိသတ္ေတြသတိမထားမိေအာင္ ဦးထုပ္ကိုေဆာင္းလာခဲ့ေပမဲ့ သူ႔ရဲ႕ေလဆိပ္ကဓာတ္ပုံေတြကေတာ့ အေတာ္ေလးပ်ံ႕ႏွံ႔ေနခဲ့ပါၿပီ။ Fendi ရဲ႕ဖက္ရွင္ရႈိးပြဲမွာ ဘယ္လိုမ်ိဳးစတိုင္က်ေနမလဲဆိုတာကေတာ့ ပရိသတ္ေတြေနာက္ထပ္စိတ္ဝင္စားတဲ့အေၾကာင္းအရာလည္းျဖစ္မယ္ ထင္ပါတယ္ေနာ္။