ASTRO အဖွဲ့ဝင် Cha Eun Woo ကတော့ ဟောလိဝုဒ်ဇာတ်ကားနဲ့ပရိသတ်တွေဆီကို ရောက်ရှိလာဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ သူကတော့ ကမ်းလှမ်းမှုကိုရရှိခဲ့ပြီး အပြုသဘောဆောင်ပြီး သုံးသပ်နေတာလည်း ဖြစ်ပါတယ်။
Cha Eun Woo ကတော့ ‘K-Pop: Lost in America’ ဆိုတဲ့ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သြစတေးလျမင်းသမီးRebel Wilson နဲ့ ကိုရီးယား-အမေရိကန်တစ်ယောက်ဖြစ်တဲ့ Charles Melton တို့လည်း ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို လက်ခံဖြစ်ခဲ့ရင်တော့ Cha Eun Woo ရဲ့ ဟောလိဝုဒ်မှာပွဲဦးထွက်မယ့်ဇာတ်ကားဖြစ်လာမှာပါ။
ဒီဇာတ်ကားကိုတော့ JK Youn ရိုက်ကူးပြီး အမျိုးသားကေပေါပ့်အဖွဲ့ဟာ အမေရိကန်နယူးယောက်မှာ global debut လုပ်ဖို့အတွက် ကြိုးပမ်းကြတာနဲ့ပတ်သက်ပြီး ရိုက်ကူးထားတာပါ။ ဒီအမျိုးသားအဖွဲ့ကတော့ သူတို့ရဲ့ဖုန်းတွေ သွားလာဖို့နဲ့ ငွေကြေးတွေမပါဘဲ အမေရိကမှာပွဲဦးထွက်ဖို့အတွက်အခက်အခဲတွေကို ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီဒ (၂၀၂၃)မှာ ထွက်ရှိသွားမယ်လို့ သိ့ရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ဟောလိဝုဒ်ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်လာနိုင်တဲ့ Cha Eun Woo