သရုပ်ဆောင်စာရင်းမှာနံပါတ်တစ်နေရာရောက်ရှိလာတဲ့ Seo Ye Ji

Posted on

Good Data Corporation ကတော့ အပတ်စဉ်ရေပန်းစားတဲ့ ဇာတ်ကားတွေနဲ့သရုပ်ဆောင်စာရင်းကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီစာရင်းတွေကတော့ သတင်းဆောင်းပါး၊ ဘလော့တွေ၊ အွန်လိုင်းအသုံးပြုသူတွေနဲ့ ဆိုရှယ်မီဒီယာတွေရဲ့အချက်အလက်တွေပေါ်မူတည်ပြီး ဆုံးဖြတ်လေ့ရှိတာပါ။


ဒီတစ်ပတ်မှာတော့ စိတ်ကူးယဉ်ဒရမ်မာအမျိုးအစားဖြစ်တဲ့ “Alchemy of Souls” ကတော့ ရေပန်းစားတဲ့ဒရမ်မာစာရင်းမှာထိပ်ဆုံးကရှိနေပါတယ်။ သရုပ်ဆောင်စာရင်းမှာတော့ Why Her ဇာတ်လမ်းတွဲမင်းသမီး Seo Hyun Jin ကထိပ်ဆုံးကနေပြီး နံပါတ်နှစ်နေရာကိုရောက်ရှိသွားကာ Eve ဇာတ်လမ်းတွဲရဲ့ဇာတ်ဆောင်မင်းသမီး Seo Ye Ji ကတော့ နံပါတ်တစ်နေရာကိုသိမ်းပိုက်ခဲ့ပါတယ်။ နံပါတ်(၃)နေရာမှာတော့ Alchemy of Souls ရဲ့မင်းသမီး Jung So Min ကရှိနေတာပါ။


ရေပန်းစားတဲ့ဇာတ်လမ်းတွဲထဲမှာတော့Why Her? ကနံပါတ်နှစ်နဲ့ Eve ကတော့ နံပါတ်သုံးနေရာမှာ ရှိနေကြပါတယ်။ အခုလကတော့ ပရိသတ်တွေလက်မလွတ်တမ်းစောင့်ကြည့်ရမယ့် ဒရမ်မာဇာတ်လမ်းတွဲတွေစုနေတဲ့အချိန်လို့ပြောရမှာပါ။ ပရိသတ်ကြီးရောဘယ်ဒရမ်မာဇာတ်လမ်းတွဲကို ကြည့်ရှုနေပါသလဲနော်။
Zawgyi ဖြင့်ဖတ်ရန်


