BTS အဖွဲ့ထဲကအကြိုက်ဆုံးအဖွဲ့ဝင်ကိုပြောပြလာတဲ့ Cardi B

Posted on

အဖွဲ့ဝင်(၇)ဦးနဲ့ဖွဲ့စည်းထားတဲ့ BTS အဖွဲ့ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အခိုင်အမာအားပေးမှုကို ရရှိထားသလို ကေပေါပ့်သမိုင်းမှာ အအောင်မြင်ဆုံးအဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။ BTS ကတော့ ပရိသတ်များစွာပိုင်ဆိုင်ထားသလို ဆယ်လီပရိသတ်တွေလည်းပိုင်ဆိုင်ထားတာပါ။ အဲ့ဒီအထဲမှာတော့ ကမ္ဘာကျော်ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Cardi B လည်း ပါဝင်ပါတယ်။


အမိုက်စားကောက်ကြောင်းတွေကိုပိုင်ဆိုင်ထားပြီး အလန်းစားဖက်ရှင်တွေနဲ့ ရက်ပ်တွေကိုရွတ်လေ့ရှိတဲ့ Cardi B ကတော့ BTS အဖွဲ့ဝင်တွေထဲကသူအနှစ်သက်ဆုံးအဖွဲ့ဝင်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။ သူကတော့ တွစ်တာက #AskCardi Q&A session မှာပရိသတ်တွေမေးသမျှမေးခွန်းတွေကို ဖြေဆိုခဲ့ပါတယ်။ ပရိသတ်တစ်ယောက်ကတော့ BTS အဖွဲ့ထဲကအကြိုက်ဆုံးအဖွဲ့ဝင်ကိုမေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ Cardi B က Jimin ရဲ့ပုံလေးနဲ့အတူ ပြန်လည်ဖြေခဲ့ပါတယ်။


အရင်နှစ်ကတော့ Cardi B နဲ့သူ့ရဲ့သမီးဖြစ်သူ Kulture တို့ဟာ BTSရဲ့ပရိသတ်တွေဖြစ်ကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါသေးတယ်။ BTS အဖွဲ့မှာတော့ အမာခံပရိသတ်Army တွေအများကြီးရှိသလို ကမ္ဘာကျော်ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Cardi B ကလည်း Army တစ်ယောက်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

BTS အဖြဲ႕ထဲကအႀကိဳက္ဆုံးအဖြဲ႕ဝင္ကိုေျပာျပလာတဲ့ Cardi B
အဖြဲ႕ဝင္(၇)ဦးနဲ႔ဖြဲ႕စည္းထားတဲ့ BTS အဖြဲ႕ကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕အခိုင္အမာအားေပးမႈကို ရရွိထားသလို ေကေပါပ့္သမိုင္းမွာ အေအာင္ျမင္ဆုံးအဖြဲ႕ေတြထဲကတစ္ဖြဲ႕ျဖစ္ပါတယ္။ BTS ကေတာ့ ပရိသတ္မ်ားစြာပိုင္ဆိုင္ထားသလို ဆယ္လီပရိသတ္ေတြလည္းပိုင္ဆိုင္ထားတာပါ။ အဲ့ဒီအထဲမွာေတာ့ ကမာၻေက်ာ္ရက္ပ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Cardi B လည္း ပါဝင္ပါတယ္။


အမိုက္စားေကာက္ေၾကာင္းေတြကိုပိုင္ဆိုင္ထားၿပီး အလန္းစားဖက္ရွင္ေတြနဲ႔ ရက္ပ္ေတြကို႐ြတ္ေလ့ရွိတဲ့ Cardi B ကေတာ့ BTS အဖြဲ႕ဝင္ေတြထဲကသူအႏွစ္သက္ဆုံးအဖြဲ႕ဝင္ကို ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ သူကေတာ့ တြစ္တာက #AskCardi Q&A session မွာပရိသတ္ေတြေမးသမွ်ေမးခြန္းေတြကို ေျဖဆိုခဲ့ပါတယ္။ ပရိသတ္တစ္ေယာက္ကေတာ့ BTS အဖြဲ႕ထဲကအႀကိဳက္ဆုံးအဖြဲ႕ဝင္ကိုေမးျမန္းခဲ့ပါတယ္။ ဒီေမးခြန္းကိုေတာ့ Cardi B က Jimin ရဲ႕ပုံေလးနဲ႔အတူ ျပန္လည္ေျဖခဲ့ပါတယ္။
အရင္ႏွစ္ကေတာ့ Cardi B နဲ႔သူ႔ရဲ႕သမီးျဖစ္သူ Kulture တို႔ဟာ BTSရဲ႕ပရိသတ္ေတြျဖစ္ေၾကာင္းကို အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ပါေသးတယ္။ BTS အဖြဲ႕မွာေတာ့ အမာခံပရိသတ္Army ေတြအမ်ားႀကီးရွိသလို ကမာၻေက်ာ္ရက္ပ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Cardi B ကလည္း Army တစ္ေယာက္ပါပဲေနာ္။