တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိပြီးနောက် ကေပေါပ့်သမိုင်းမှာ ပထမဆုံးစံချိန်ကိုချိုးလိုက်တဲ့ TWICE အဖွဲ့ဝင် Nayeon

Posted on

ပရိသတ်တွေအချစ်ကိုရရှိထားတဲ့ Twice အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Nayeon ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့ စံချိန်အသစ်ကိုချိုးခဲ့ပြန်ပါတယ်။ သူ့ရဲ့တစ်ကိုယ်တော်ပွဲဦးထွက်အယ်လ်ဘမ်ကတော့ အတော်လေးအောင်မြင်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ဟာ Billboard ရဲ့ထိပ်တန်းစာရင်း(၁၀)ခုထဲမှာ ပါဝင်ခဲ့ပါတယ်။


ဒီသီတင်းပတ်အတွက် Billboard ကထုတ်ပြန်ချက်အရတော့ Nayeon ရဲ့ ပထမဆုံးမီနီအယ်လ်ဘမ်ဖြစ်တဲ့ IM NAYEON ကတော့ Billboard 200 နဲ့ US Billboard စာရင်းတွေမှာ နံပါတ်(၇)နေရာမှာရှိနေပါတယ်။ Billboard သမိုင်းတစ်လျှောက် ဒီလိုထိပ်တန်း(၁၀)ခုစာရင်းကိုပါဝင်နိုင်ခဲ့တာကတော့ ကေပေါပ့်အိုင်ဒေါတွေထဲမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒီလိုစံချိန်ကတော့ (၂၀၀၉) ခုနှစ်မှာ BoA ရဲ့ BoA အင်္ဂလိပ်ဗားရှင်းပြီးနောက် ပထမဆုံးလို့ ဆိုရမှာပါ။


IM NAYEON အယ်လ်ဘမ်ကတော့ အချပ်ရေ (၅၂,၀၀၀) Streaming အနေနဲ့ (၆.၅၆)သန်းရှိခဲ့ပါတယ်။ အဖွဲ့အလိုက်အောင်မြင်မှုတွေရရှိနေသလို တစ်ကိုယ်တော်အနေနဲ့လည်း စံချိန်တွေကိုချိုးခဲ့တဲ့ Nayeon ပါပဲ။ Congradulations ပါ။
Zawgyi ဖြင့်ဖတ်ရန်

တစ္ကိုယ္ေတာ္အယ္လ္ဘမ္ထြက္ရွိၿပီးေနာက္ ေကေပါပ့္သမိုင္းမွာ ပထမဆုံးစံခ်ိန္ကိုခ်ိဳးလိုက္တဲ့ TWICE အဖြဲ႕ဝင္ Nayeon
ပရိသတ္ေတြအခ်စ္ကိုရရွိထားတဲ့ Twice အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Nayeon ကေတာ့ အိုင္ေဒါတစ္ေယာက္အေနနဲ႔ စံခ်ိန္အသစ္ကိုခ်ိဳးခဲ့ျပန္ပါတယ္။ သူ႔ရဲ႕တစ္ကိုယ္ေတာ္ပြဲဦးထြက္အယ္လ္ဘမ္ကေတာ့ အေတာ္ေလးေအာင္ျမင္ခဲ့ပါတယ္။ ဒီအယ္လ္ဘမ္ဟာ Billboard ရဲ႕ထိပ္တန္းစာရင္း(၁၀)ခုထဲမွာ ပါဝင္ခဲ့ပါတယ္။


ဒီသီတင္းပတ္အတြက္ Billboard ကထုတ္ျပန္ခ်က္အရေတာ့ Nayeon ရဲ႕ ပထမဆုံးမီနီအယ္လ္ဘမ္ျဖစ္တဲ့ IM NAYEON ကေတာ့ Billboard 200 နဲ႔ US Billboard စာရင္းေတြမွာ နံပါတ္(၇)ေနရာမွာရွိေနပါတယ္။ Billboard သမိုင္းတစ္ေလွ်ာက္ ဒီလိုထိပ္တန္း(၁၀)ခုစာရင္းကိုပါဝင္ႏိုင္ခဲ့တာကေတာ့ ေကေပါပ့္အိုင္ေဒါေတြထဲမွာ ပထမဆုံးလည္း ျဖစ္ပါတယ္။ ဒီလိုစံခ်ိန္ကေတာ့ (၂၀၀၉) ခုႏွစ္မွာ BoA ရဲ႕ BoA အဂၤလိပ္ဗားရွင္းၿပီးေနာက္ ပထမဆုံးလို႔ ဆိုရမွာပါ။
IM NAYEON အယ္လ္ဘမ္ကေတာ့ အခ်ပ္ေရ (၅၂,၀၀၀) Streaming အေနနဲ႔ (၆.၅၆)သန္းရွိခဲ့ပါတယ္။ အဖြဲ႕အလိုက္ေအာင္ျမင္မႈေတြရရွိေနသလို တစ္ကိုယ္ေတာ္အေနနဲ႔လည္း စံခ်ိန္ေတြကိုခ်ိဳးခဲ့တဲ့ Nayeon ပါပဲ။ Congradulations ပါ။