ပဲရစ်မှာကျင်းပတဲ့ Chaumet ရဲ့ပွဲမှာလှပနေခဲ့တဲ့ မင်းသမီး Song Hye Kyo

Posted on

အွန်စောအဖြစ်နဲ့ပရိသတ်တွေရှေ့ရောက်လာရာကနေ အခုလိုဆယ်စုနှစ်(၂)စုကျော်တိုင်အောင် လှပနုပျိုနေဆဲမင်းသမီးတစ်လက်ကတော့ Song Hye Kyo ပါပဲ။ လက်ရှိမှာထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို အသက်နဲ့မလိုက်အောင်နုပျိုလှတာကြောင့် မီဒီယာတွေရဲ့အာရုံစိုက်မှုကိုအပြည့်အဝရှိထားတာပါ။


နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲလုပ်ကိုင်နေတဲ့ Song Hye Kyo ကတော့ Chaumet ရဲ့ အာရှပစိဖိတ်ဆိုင်ရာAmbassador တစ်ယောက်လည်း ဖြစ်ပါတယ်။ ပဲရစ်မှာကျင်းပခဲ့တဲ့ Et Merveilles De Chaumet – New High Jewelry Collection ပွဲကိုတော့ Song Hye Kyo တက်ရောက်ခဲ့ပြီး သူ့ရဲ့ခမ်းနားထည်ဝါတဲ့ပုံရိပ်တွေနဲ့အတူ အင်တာနက်မှာလူပြောအများဆုံးအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။


ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ လတ်ဝတ်ရတနာတွေနဲ့အတူ အနက်ရောင်ဝတ်စုံကတော့ Song Hye Kyo ရဲ့ရှိရင်းစွဲအလှတွေနဲ့ပေါင်းစပ်ပြီး ပရိသတ်တွေကို အဖမ်းစားဆုံးဖြစ်ခဲ့မှာအမှန်ပါပဲ။ ပဲရစ်ကိုထွက်ခွာချိန်မှာကတည်းက ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့မင်းသမီးကတော့ Chaumet ရဲ့ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားလှုတ်ခတ်သွားစေခဲ့တဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

သူကတော့ အမြဲလှ….



