ထပ်မံထွက်ရှိလာမယ့် Veteran 2 ဇာတ်ကားမှာပါဝင်ဖို့ ဆွေးနွေးနေတဲ့ Jung Hae In

Posted on

Veteran 2 ဇာတ်ကားမှာ ပါဝင်ဖို့အတွက်ကမ်းလှမ်းခံထားရကြောင်းကို Jung Hae In ရဲ့အေဂျင်စီဖြစ်တဲ့ FNC Entertainment ကအတည်ပြုထားပါတယ် ။ လက်ရှိမှာကမ်းလှမ်းမှုကိုသုံးသပ်နေတာဖြစ်ပြီး ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေထဲကတစ်ယောက်အဖြစ်ပါဝင်သွားမှာပါ။ Veteran ဇာတ်ကားကတော့ တောင်ကိုရီးယားရုပ်ရှင်သမိုင်းမှာ ရေပန်းအစားခဲ့ဆုံးဇာတ်ကားတွေထဲကတစ်ခုပါ။


(၂၀၁၅) ခုနှစ်မှာပြသခဲ့ပြီး ကြည့်ရှုသူ(၁၃.၄၁) သန်းရရှိခဲ့တာလည်း ဖြစ်ပါတယ်။ Veteran ဟာ မှုခင်းအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး မာနကြီးသလိုကြွယ်ဝချမ်းသာတဲ့မိသားစုရဲ့တတိယမျိုးဆက်ကို ဝါရင့်စုံစမ်းစစ်ဆေးရေးသမားကလိုက်လံဖော်ထုတ်တဲ့အကြောင်း ရိုက်ကူးထားတာပါ။ Yoo Ah In ကတော့ ကြွယ်ဝချမ်းသာတဲ့မိသားစုရဲ့တတိယမျိုးဆက်အဖြစ်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး Jung Hae In ကတော့ ဇာတ်ကားသစ်မှာ Yoo Ah In ရဲ့ ဆက်ခံသူအဖြစ်ပါဝင်သွားမှာပါ။


ဒီဇာတ်ကားကိုတော့ Ryu Seung Wan ကရိုက်ကူးခဲ့ပြီး Hwang Jung Min ၊ Yoo Hae Jin ၊ Oh Dal Soo တို့လည်း ပါဝင်ထားပါတယ်။ Veteran 2 ဟာ ဒီနှစ်အကုန်ပိုင်းမှာရိုက်ကူးပြီး (၂၀၂၃) မှာထွက်ရှိသွားမှာပါ။ ပရိသတ်တွေချစ်တဲ့ မင်းသားချော Jung Hae In ကတော့ နာမည်ကျော်ဇာတ်ကား Veteran နဲ့အတူ ပရိသတ်တွေဆီပြန်လာဖို့ ရှိမလားနော်။
Zawgyi ဖြင့်ဖတ်ရန်

ထပ္မံထြက္ရွိလာမယ့္ Veteran 2  ဇာတ္ကားမွာပါဝင္ဖို႔ ေဆြးေႏြးေနတဲ့ Jung Hae In
Veteran 2 ဇာတ္ကားမွာ ပါဝင္ဖို႔အတြက္ကမ္းလွမ္းခံထားရေၾကာင္းကို Jung Hae In ရဲ႕ေအဂ်င္စီျဖစ္တဲ့ FNC Entertainment ကအတည္ျပဳထားပါတယ္ ။ လက္ရွိမွာကမ္းလွမ္းမႈကိုသုံးသပ္ေနတာျဖစ္ၿပီး ဒီဇာတ္ကားရဲ႕အဓိကဇာတ္ေဆာင္ေတြထဲကတစ္ေယာက္အျဖစ္ပါဝင္သြားမွာပါ။ Veteran ဇာတ္ကားကေတာ့ ေတာင္ကိုရီးယား႐ုပ္ရွင္သမိုင္းမွာ ေရပန္းအစားခဲ့ဆုံးဇာတ္ကားေတြထဲကတစ္ခုပါ။


(၂၀၁၅) ခုႏွစ္မွာျပသခဲ့ၿပီး ၾကည့္ရႈသူ(၁၃.၄၁) သန္းရရွိခဲ့တာလည္း ျဖစ္ပါတယ္။ Veteran ဟာ မႈခင္းအက္ရွင္ဇာတ္ကားတစ္ကားျဖစ္ၿပီး မာနႀကီးသလိုႂကြယ္ဝခ်မ္းသာတဲ့မိသားစုရဲ႕တတိယမ်ိဳးဆက္ကို ဝါရင့္စုံစမ္းစစ္ေဆးေရးသမားကလိုက္လံေဖာ္ထုတ္တဲ့အေၾကာင္း ႐ိုက္ကူးထားတာပါ။ Yoo Ah In ကေတာ့ ႂကြယ္ဝခ်မ္းသာတဲ့မိသားစုရဲ႕တတိယမ်ိဳးဆက္အျဖစ္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး Jung Hae In ကေတာ့ ဇာတ္ကားသစ္မွာ Yoo Ah In ရဲ႕ ဆက္ခံသူအျဖစ္ပါဝင္သြားမွာပါ။
ဒီဇာတ္ကားကိုေတာ့ Ryu Seung Wan က႐ိုက္ကူးခဲ့ၿပီး Hwang Jung Min ၊ Yoo Hae Jin ၊ Oh Dal Soo တို႔လည္း ပါဝင္ထားပါတယ္။ Veteran 2 ဟာ ဒီႏွစ္အကုန္ပိုင္းမွာ႐ိုက္ကူးၿပီး (၂၀၂၃) မွာထြက္ရွိသြားမွာပါ။ ပရိသတ္ေတြခ်စ္တဲ့ မင္းသားေခ်ာ Jung Hae In ကေတာ့ နာမည္ေက်ာ္ဇာတ္ကား Veteran နဲ႔အတူ ပရိသတ္ေတြဆီျပန္လာဖို႔ ရွိမလားေနာ္။