ခန္ဓာကိုယ်ပြသရတဲ့ဇာတ်ဝင်ခန်းတွေအတွက် လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ခဲ့တဲ့ Lee Joo Bin

Posted on

စောင့်မျှော်နေကြတဲ့ Money Heist: Korea ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပြန်ပါတယ်။ ဒီဇာတ်ကားထဲကဇာတ်ကောင်အဖြစ်ပုံဖော်ခဲ့တဲ့ Lee Joo Bin ကတော့ ကိုယ်ခန္ဓာပုံပန်းသွင်ပြင်အတွက်ကြိုးစားခဲ့တဲ့အကြောင်းကို အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။


သူကတော့ မင်းသား Kim Ji Hun နဲ့ရိုက်ကူးထားတဲ့ ခပ်ကြမ်းကြမ်းဇာတ်ဝင်ခန်းဖြစ်ပြီး R-Rated ပေးထားတဲ့ဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီးတော့ “အစ်ကို Ji Hun ကတော့ လေ့ကျင့်ခန်းတွေအတော်လုပ်ပြီး ပြင်ဆင်ထားမှာပါ။ ကျွန်မက တစ်ခါမှ အိပ်ယာထက်ကဇာတ်ဝင်ခန်းတွေမရိုက်ခဲ့ဖူးဘူး အဲ့ဒါကြောင့် လေ့လာတယ်။ ကျွန်မလည်း လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်။ ဒါပေမဲ့လည်းကျွန်မထင်တာတော့ ဇာတ်ကောင်နှစ်ခုကြားမှာ ခံစားချက်ကိုဖော်ပြတာပါပဲ။ မျက်နှာကနေခံစားချက်ကိုဖော်ပြတာကိုသေချာလုပ်ခဲ့တယ်။”လို့ ဆိုပါတယ်။


သူကတော့ သူ့ရဲ့အဓိကရည်ရွယ်ချက်က အလေးချိန်ကျဖို့မဟုတ်ခဲ့ပါဘူး။ ဇာတ်ဝင်ခန်းအတွက်ကြိုးစားပုံနဲ့ပတ်သက်ပြီး “ဇာတ်ကားရိုက်ကူးနေစဉ်ကလည်း Gym ကို သွားခဲ့တယ်။ Gym မှာ ထရိန်နာနဲ့တစ်ပတ်ကို နှစ်ခါလုပ်ပြီး pilates ကိုလည်း တစ်ပတ်ကို (၅) ခါလုပ်ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းမှာခန္ဓာကိုယ်ကိုပြရမှာကြောင့် ခန္ဓာကိုယ်ကိုသေချာဂရုစိုက်ခဲ့တယ်။ နောက်ထပ်လာမယ့်ဇာတ်ဝင်ခန်းတွေမှာ ဓားပြအဖွဲ့မှာကျွန်မပါဝင်လာပြီး အက်ရှင်ခန်းတွေရိုက်ကူးရမလဲဆိုတာကို ဘယ်သူသိမလဲ” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ခႏၶာကိုယ္ျပသရတဲ့ဇာတ္ဝင္ခန္းေတြအတြက္ ေလ့က်င့္ခန္းေတြအျပင္းအထန္လုပ္ခဲ့တဲ့ Lee Joo Bin
ေစာင့္ေမွ်ာ္ေနၾကတဲ့ Money Heist: Korea ဇာတ္လမ္းတြဲကေတာ့ ပရိသတ္ေတြရဲ႕အားေပးမႈကို ရရွိခဲ့ျပန္ပါတယ္။ ဒီဇာတ္ကားထဲကဇာတ္ေကာင္အျဖစ္ပုံေဖာ္ခဲ့တဲ့ Lee Joo Bin ကေတာ့ ကိုယ္ခႏၶာပုံပန္းသြင္ျပင္အတြက္ႀကိဳးစားခဲ့တဲ့အေၾကာင္းကို အင္တာဗ်ဴးမွာေျဖဆိုခဲ့ပါတယ္။


သူကေတာ့ မင္းသား Kim Ji Hun နဲ႔႐ိုက္ကူးထားတဲ့ ခပ္ၾကမ္းၾကမ္းဇာတ္ဝင္ခန္းျဖစ္ၿပီး R-Rated ေပးထားတဲ့ဇာတ္ဝင္ခန္းနဲ႔ပတ္သက္ၿပီးေျပာခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းနဲ႔ပတ္သက္ၿပီးေတာ့ “အစ္ကို Ji Hun ကေတာ့ ေလ့က်င့္ခန္းေတြအေတာ္လုပ္ၿပီး ျပင္ဆင္ထားမွာပါ။ ကြၽန္မက တစ္ခါမွ အိပ္ယာထက္ကဇာတ္ဝင္ခန္းေတြမ႐ိုက္ခဲ့ဖူးဘူး အဲ့ဒါေၾကာင့္ ေလ့လာတယ္။ ကြၽန္မလည္း ေလ့က်င့္ခန္းေတြလုပ္ခဲ့တယ္။ ဒါေပမဲ့လည္းကြၽန္မထင္တာေတာ့ ဇာတ္ေကာင္ႏွစ္ခုၾကားမွာ ခံစားခ်က္ကိုေဖာ္ျပတာပါပဲ။ မ်က္ႏွာကေနခံစားခ်က္ကိုေဖာ္ျပတာကိုေသခ်ာလုပ္ခဲ့တယ္။”လို႔ ဆိုပါတယ္။
သူကေတာ့ သူ႔ရဲ႕အဓိကရည္႐ြယ္ခ်က္က အေလးခ်ိန္က်ဖို႔မဟုတ္ခဲ့ပါဘူး။ ဇာတ္ဝင္ခန္းအတြက္ႀကိဳးစားပုံနဲ႔ပတ္သက္ၿပီး “ဇာတ္ကား႐ိုက္ကူးေနစဥ္ကလည္း Gym ကို သြားခဲ့တယ္။ Gym မွာ ထရိန္နာနဲ႔တစ္ပတ္ကို ႏွစ္ခါလုပ္ၿပီး pilates ကိုလည္း တစ္ပတ္ကို (၅) ခါလုပ္ခဲ့ပါတယ္။ ဇာတ္ဝင္ခန္းမွာခႏၶာကိုယ္ကိုျပရမွာေၾကာင့္ ခႏၶာကိုယ္ကိုေသခ်ာဂ႐ုစိုက္ခဲ့တယ္။ ေနာက္ထပ္လာမယ့္ဇာတ္ဝင္ခန္းေတြမွာ ဓားျပအဖြဲ႕မွာကြၽန္မပါဝင္လာၿပီး အက္ရွင္ခန္းေတြ႐ိုက္ကူးရမလဲဆိုတာကို ဘယ္သူသိမလဲ” လို႔ ဆိုပါတယ္။