မကြာခင်ပြသမယ့် Adamas ဇာတ်လမ်းတွဲထဲက စတိုင်ကျပြီးကျော့မော့လှပနေတဲ့Seo Ji Hye ရဲ့ပုံရိပ်

Posted on

Seo Ji Hye ကတော့ ဒရမ်မာချစ်ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူ့ကိုတော့ မှုခင်းအက်ရှင်ဇာတ်လမ်းတွဲ Adamas မှာ မြင်တွေ့ရဦးမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ အမြွှာညီအစ်ကိုနှစ်ဦးဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်(၂၀) ကျော်က ဖခင်ဖြစ်သူရဲ့သေဆုံးမှုကိုရှာဖွေဖော်ထုတ်တဲ့အကြောင်းပါ။


အမြွာညီအစ်ကိုနှစ်ဦးဟာလူသတ်မှုနဲ့ဆက်စပ်နေတဲ့ Adamas ဆိုတဲ့လက်နက်ကိုရှာဖွေတွေ့ရှိပြီးနောက် ဒီလက်နက်ပျောက်ဆုံးသွားမှုကို စုံစမ်းကာ လူသတ်သမားကိုရှာဖွေဖော်ထုတ်မယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။ နာမည်ကျော်မင်းသား Ji Sung ကတော့ အမြွှာဇာတ်ရုပ်ကိုသရုပ်ဆောင်ထားတာဖြစ်ပြီး Seo Ji Hye ကတော့ ချမ်းသာကြွယ်ဝတဲ့မိသားစုရဲ့သမီးဖြစ်သူနေရာကပါဝင်ထားပါတယ်။


သူကတော့ မချစ်ဘဲနဲ့လက်ထပ်ခဲ့ရတဲ့အိမ်ထောင်ရေးမှာ ပိတ်မိနေတဲ့သူတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ သွေးအေးပြီးမာနကြီးတဲ့အမွေဆက်ခံသူအမျိုးသမီးအဖြစ်ကနေ နူးညံ့သိမ်မွေ့ပြီးချစ်တတ်တဲ့အမျိုးသမီးအဖြစ်ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။ ချမ်းသာကြွယ်ဝတဲ့အမွေဆက်ခံသူတစ်ယောက်အနေနဲ့အမိုက်စားပုံရိပ်တွေကတော့ ဇာတ်ကားမထွက်ရှိလာခင်မှာတင် ပရိသတ်တွေကြားရေပန်းစားနေပြီလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မၾကာခင္ျပသမယ့္ Adamas ဇာတ္လမ္းတြဲထဲက စတိုင္က်ၿပီးေက်ာ့ေမာ့လွပေနတဲ့Seo Ji Hye ရဲ႕ပုံရိပ္
Seo Ji Hye ကေတာ့ ဒရမ္မာခ်စ္ပရိသတ္ေတြႀကိဳက္ႏွစ္သက္ၾကတဲ့ မင္းသမီးတစ္လက္ျဖစ္ပါတယ္။ သူ႔ကိုေတာ့ မႈခင္းအက္ရွင္ဇာတ္လမ္းတြဲ Adamas မွာ ျမင္ေတြ႕ရဦးမွာပါ။ ဒီဇာတ္လမ္းတြဲကေတာ့ အႁမႊာညီအစ္ကိုႏွစ္ဦးျဖစ္သူဟာ လြန္ခဲ့တဲ့ႏွစ္(၂၀) ေက်ာ္က ဖခင္ျဖစ္သူရဲ႕ေသဆုံးမႈကိုရွာေဖြေဖာ္ထုတ္တဲ့အေၾကာင္းပါ။


အႁမြာညီအစ္ကိုႏွစ္ဦးဟာလူသတ္မႈနဲ႔ဆက္စပ္ေနတဲ့ Adamas ဆိုတဲ့လက္နက္ကိုရွာေဖြေတြ႕ရွိၿပီးေနာက္ ဒီလက္နက္ေပ်ာက္ဆုံးသြားမႈကို စုံစမ္းကာ လူသတ္သမားကိုရွာေဖြေဖာ္ထုတ္မယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။ နာမည္ေက်ာ္မင္းသား Ji Sung ကေတာ့ အႁမႊာဇာတ္႐ုပ္ကိုသ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး Seo Ji Hye ကေတာ့ ခ်မ္းသာႂကြယ္ဝတဲ့မိသားစုရဲ႕သမီးျဖစ္သူေနရာကပါဝင္ထားပါတယ္။
သူကေတာ့ မခ်စ္ဘဲနဲ႔လက္ထပ္ခဲ့ရတဲ့အိမ္ေထာင္ေရးမွာ ပိတ္မိေနတဲ့သူတစ္ေယာက္အျဖစ္ပါဝင္ထားပါတယ္။ ဒီဇာတ္ကားမွာေတာ့ ေသြးေအးၿပီးမာနႀကီးတဲ့အေမြဆက္ခံသူအမ်ိဳးသမီးအျဖစ္ကေန ႏူးညံ့သိမ္ေမြ႕ၿပီးခ်စ္တတ္တဲ့အမ်ိဳးသမီးအျဖစ္ေျပာင္းလဲသြားတာကို ျမင္ေတြ႕ရမွာပါ။ ခ်မ္းသာႂကြယ္ဝတဲ့အေမြဆက္ခံသူတစ္ေယာက္အေနနဲ႔အမိုက္စားပုံရိပ္ေတြကေတာ့ ဇာတ္ကားမထြက္ရွိလာခင္မွာတင္ ပရိသတ္ေတြၾကားေရပန္းစားေနၿပီလည္း ျဖစ္ပါတယ္။