ချစ်သူနဲ့လက်ထပ်တော့မယ့် မင်းသမီး Hwang Bo Ra

Posted on

မင်းသမီး Hwang Bo Ra ကိုတော့ ဒရမ်မာဇာတ်လမ်းတွဲများစွာမှာ မြင်တွေ့ဖူးကြမှာပါ။ သူကတော့ ဇာတ်ရုပ်ကိုပီပြင်တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့အချစ်ကို ရရှိထားပါတယ်။ Hwang Bo Ra ကတော့ သူ့ရဲ့မင်္ဂလာသတင်းကောင်းကိုပရိသတ်တွေကို အသိပေးခဲ့ပါတယ်။


မင်းသမီးကတော့ ကာလကြာရှည်တွဲခဲ့တဲ့ချစ်သူနဲ့လက်ထပ်တော့မယ်လို့ သိရပါတယ်။ သူ့ရဲ့ချစ်သူကတော့ ဝါရင့်သရုပ်ဆောင် Kim Yong Gun ရဲ့သားဖြစ်ပြီးWalkhouse Company ရဲ့စီအီးအို Kim Young Hoon ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါဝင်ခဲ့ဖူးပြီး နာမည်ကျော်မင်းသားHa Jung Woo ရဲ့ညီလည်း ဖြစ်ပါတယ်။Hwang Bo Ra တို့ချစ်သူနှစ်ဦးကတော့ (၂၀၁၃)ခုနှစ်မှကတည်းက တွဲနေခဲ့ကြတာလည်း ဖြစ်ပါတယ်။


သူတို့နှစ်ဦးကတော့ နိုဝင်ဘာလမှာလက်ထပ်ပွဲကျင်းပမှာဖြစ်ပြီး နီးစပ်ရာအသိုင်းအဝိုင်းနဲ့သာ သီးသန့်မင်္ဂလာပွဲကျင်းပမှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲနဲ့ပတ်သက်ပြီးသတင်းအချက်အလက်ကို ဒီထက်ပိုပြီးအသိမပေးနိုင်တာအတွက်လည်း နားလည်ပေးဖို့ဆိုထားပါတယ်။ မင်းသမီးကတော့ သူ့ရဲ့အင်စတာဂရမ်ကနေပြီးသတင်းကောင်းကို မျှဝေခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ခ်စ္သူနဲ႔လက္ထပ္ေတာ့မယ့္ မင္းသမီး Hwang Bo Ra
မင္းသမီး Hwang Bo Ra ကိုေတာ့ ဒရမ္မာဇာတ္လမ္းတြဲမ်ားစြာမွာ ျမင္ေတြ႕ဖူးၾကမွာပါ။ သူကေတာ့ ဇာတ္႐ုပ္ကိုပီျပင္တဲ့သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္သလို ပရိသတ္ေတြရဲ႕အခ်စ္ကို ရရွိထားပါတယ္။ Hwang Bo Ra ကေတာ့ သူ႔ရဲ႕မဂၤလာသတင္းေကာင္းကိုပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။


မင္းသမီးကေတာ့ ကာလၾကာရွည္တြဲခဲ့တဲ့ခ်စ္သူနဲ႔လက္ထပ္ေတာ့မယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ခ်စ္သူကေတာ့ ဝါရင့္သ႐ုပ္ေဆာင္ Kim Yong Gun ရဲ႕သားျဖစ္ၿပီးWalkhouse Company ရဲ႕စီအီးအို Kim Young Hoon ျဖစ္ပါတယ္။ သူကေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ပါဝင္ခဲ့ဖူးၿပီး နာမည္ေက်ာ္မင္းသားHa Jung Woo ရဲ႕ညီလည္း ျဖစ္ပါတယ္။Hwang Bo Ra တို႔ခ်စ္သူႏွစ္ဦးကေတာ့ (၂၀၁၃)ခုႏွစ္မွကတည္းက တြဲေနခဲ့ၾကတာလည္း ျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးကေတာ့ ႏိုဝင္ဘာလမွာလက္ထပ္ပြဲက်င္းပမွာျဖစ္ၿပီး နီးစပ္ရာအသိုင္းအဝိုင္းနဲ႔သာ သီးသန႔္မဂၤလာပြဲက်င္းပမွာ ျဖစ္ပါတယ္။ မဂၤလာပြဲနဲ႔ပတ္သက္ၿပီးသတင္းအခ်က္အလက္ကို ဒီထက္ပိုၿပီးအသိမေပးႏိုင္တာအတြက္လည္း နားလည္ေပးဖို႔ဆိုထားပါတယ္။ မင္းသမီးကေတာ့ သူ႔ရဲ႕အင္စတာဂရမ္ကေနၿပီးသတင္းေကာင္းကို မွ်ေဝခဲ့ပါတယ္။