ပဲရစ်မှာ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေနဲ့စတိုင်ကျနေတဲ့ပုံရိပ်တွေကိုမျှဝေလာတဲ့ Song Hye Kyo

Posted on

မင်းသမီး Song Hye Kyo ကတော့ မီဒီယာတွေရဲ့အာရုံစိုက်မှုကိုရရှိထားတဲ့တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်လက်ပါပဲ။ သူ့ရဲ့သတင်းတွေကတော့ ပရိသတ်တွေအမြဲစိတ်ဝင်စားရတဲ့သတင်းတစ်ခုလည်း ဖြစ်ပါတယ်။


အခုဆိုရင်ပဲရစ်ကိုရောက်ရှိနေပြီး နေကာမျက်မှန်နဲ့ဂျင်းဘောင်းဘီကိုဝတ်ကာတစ်နေ့တာကို ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေခဲ့ပါတယ်။ Song Hye Kyo ကတော့သူ့ရဲ့လှုပ်ရှားမှုတွေကို ပရိသတ်ကိုမျှဝေလေ့ရှိပြီး အခုဆိုရင်လည်း ပဲရစ်ရောက်ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ နေသာတဲ့နေ့လေးနဲ့အတူ မင်းသမီးရဲ့ချစ်စဖွယ်အပြုံးလေးကတော့ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပြန်ပါပြီ။


ပေါ့ပေါ့ပါးပါးဖက်ရှင်လေးကိုဝတ်ဆင်ထားတဲ့ Song Hye Kyo ကတော့ အသက်(၂၀)ကျော် လှပနုပျိုတဲ့ကောင်မလေးတစ်ယောက်လို့ လန်းဆန်းနေပါတယ်။ သူကတော့ မကြာသေးခင်ရက်ပိုင်းက ပဲရစ်မှာကျင်းပတဲ့ ‘Ondes Et Merveilles De Chaumet’ ဆိုတဲ့ပွဲကိုတက်ရောက်ခဲ့ပါသေးတယ်။ ဒီပွဲကပုံရိပ်တွေကလည်း ကျက်သရေရှိစွာလှပနေခဲ့ပြီး အွန်လိုင်းမှာလူပြောအများဆုံးသတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



