သီချင်းအသစ်တွေနဲ့ပရိသတ်ဆီပြန်လာတော့မယ့်အကြောင်း အတည်ပြုလိုက်တဲ့ Blackpink

Posted on

တစ်ရှိန်ထိုးအောင်မြင်မှုတွေနဲ့ Blackpink အဖွဲ့ကတော့ သီချင်းအသစ်မထွက်ရှိလာတာ ကြာသွားခဲ့ပါပြီ။ ပရိသတ်တွေစောင့်စားနေတဲ့သတင်းကိုတော့ YG Entertainment က အတည်ပြုခဲ့ပါတယ်။ Blackpink အဖွဲ့ကတော့ comeback လာတော့မယ်လို့ တရားဝင်ပြောကြားလိုက်ပါတယ်။


YG Entertainment ကတော့ ” Blackpink ရဲ့ဂီတစတိုင်နဲ့ပြင်ဆင်နေတာဖြစ်ပြီး သြဂုတ်လမှာသီချင်းအသစ်ထွက်ရှိမှာပါ။ အဖွဲ့ဝင်လေးယောက်စလုံးကတော့ သူတို့ရဲ့အယ်လ်ဘမ်အသစ်အတွက်အသံသွင်းနေတာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပါပြီ။ မကြာခင်မှာပဲသူတို့ရဲ့ Music Video ကိုရိုက်ကူးတော့မှာပါ။တစ်ကမ္ဘာလုံးကပရိသတ်တွေနဲ့ချိတ်ဆက်မိဖို့လည်း World Tour ပြုလုပ်ဖို့ အစီအစဉ်ရှိထားတာဖြစ်ပါတယ်။ ဒါကတော့ အမျိုးသမီးကေပေါပ့်အဖွဲ့တွေထဲမှာ အကြီးဆုံးလည်းဖြစ်လာမှာပါ။ World Tour ကဲ့သို့ အခြားကြီးမားတဲ့ ပရောဂျက်တွေလည်း ဆက်လက်လုပ်ဆောင်သွားမယ်” လို့ ဆိုပါတယ်။


Blackpink အဖွဲ့ဟာ (၂၀၂၀) မှာ How You Like That ပြီးနောက် The Album ဆိုတဲ့ အယ်ဘမ်ထွက်ရှိခဲ့ပြီးနောက် သီချင်းအသစ်ထပ်မံမထွက်ရှိလာသေးပါဘူး။ ဒါကြောင့် မကြာခင်ထွက်ရှိလာတော့မယ့် သီချင်းအသစ်တွေကတော့ ပရိသတ်တွေကာလကြာရှည်စောင့်မျှော်နေခဲ့ရတဲ့ Comback သီချင်းတွေဖြစ်လာမှာပါ။
Zawgyi ဖြင့်ဖတ်ရန်

သီခ်င္းအသစ္ေတြနဲ႔ပရိသတ္ဆီျပန္လာေတာ့မယ့္အေၾကာင္း အတည္ျပဳလိုက္တဲ့ Blackpink
တစ္ရွိန္ထိုးေအာင္ျမင္မႈေတြနဲ႔ Blackpink အဖြဲ႕ကေတာ့ သီခ်င္းအသစ္မထြက္ရွိလာတာ ၾကာသြားခဲ့ပါၿပီ။ ပရိသတ္ေတြေစာင့္စားေနတဲ့သတင္းကိုေတာ့ YG Entertainment က အတည္ျပဳခဲ့ပါတယ္။ Blackpink အဖြဲ႕ကေတာ့ comeback လာေတာ့မယ္လို႔ တရားဝင္ေျပာၾကားလိုက္ပါတယ္။


YG Entertainment ကေတာ့ ” Blackpink ရဲ႕ဂီတစတိုင္နဲ႔ျပင္ဆင္ေနတာျဖစ္ၿပီး ၾသဂုတ္လမွာသီခ်င္းအသစ္ထြက္ရွိမွာပါ။ အဖြဲ႕ဝင္ေလးေယာက္စလုံးကေတာ့ သူတို႔ရဲ႕အယ္လ္ဘမ္အသစ္အတြက္အသံသြင္းေနတာ ေနာက္ဆုံးအဆင့္ကိုေရာက္ရွိေနပါၿပီ။ မၾကာခင္မွာပဲသူတို႔ရဲ႕ Music Video ကို႐ိုက္ကူးေတာ့မွာပါ။တစ္ကမာၻလုံးကပရိသတ္ေတြနဲ႔ခ်ိတ္ဆက္မိဖို႔လည္း World Tour ျပဳလုပ္ဖို႔ အစီအစဥ္ရွိထားတာျဖစ္ပါတယ္။ ဒါကေတာ့ အမ်ိဳးသမီးေကေပါပ့္အဖြဲ႕ေတြထဲမွာ အႀကီးဆုံးလည္းျဖစ္လာမွာပါ။ World Tour ကဲ့သို႔ အျခားႀကီးမားတဲ့ ပေရာဂ်က္ေတြလည္း ဆက္လက္လုပ္ေဆာင္သြားမယ္” လို႔ ဆိုပါတယ္။


Blackpink အဖြဲ႕ဟာ (၂၀၂၀) မွာ How You Like That ၿပီးေနာက္ The Album ဆိုတဲ့ အယ္ဘမ္ထြက္ရွိခဲ့ၿပီးေနာက္ သီခ်င္းအသစ္ထပ္မံမထြက္ရွိလာေသးပါဘူး။ ဒါေၾကာင့္ မၾကာခင္ထြက္ရွိလာေတာ့မယ့္ သီခ်င္းအသစ္ေတြကေတာ့ ပရိသတ္ေတြကာလၾကာရွည္ေစာင့္ေမွ်ာ္ေနခဲ့ရတဲ့ Comback သီခ်င္းေတြျဖစ္လာမွာပါ။